နတ်သမီးလေးအလား လှပစွာအရွယ်ရောက်လာတဲ့ ကလေးသရုပ်ဆောင် Seo Shin Ae

https://s9.kh1.co/5b/5b5f706e6f8b252c09b89b80b48b9aeb21bfa369.jpeg
အနုပညာရှင်များ
 24-Jan-2023 3pm · 5 days ago

နတ်သမီးလေးလိုမျိုးလှပစွာအရွယ်ရောက်လာတဲ့ ကလေးသရုပ်ဆောင် Seo Shin Ae

ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ တောင်ကိုရီးယား ကလေးသရုပ်ဆောင်လေး Seo Shin Ae ဟာဆိုရင် မကြာသေးမီက သူမရဲ့ ပုံရိပ်ကို ပရိသတ်တွေကို ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=594,q=100/fb/fbcce6e1a628845ae859be24e1ea6fa8a5b0f04f.png

Seo Shin Ae က ၁၉၉၈ ခုနှစ်မှာမွေးခဲ့တဲ့သူဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ အနုပညာလမ်းကြောင်းထက်ဆီကို စတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=559,h=839,q=100/30/3091ec068c5b1b296f956c6810f358e2f8044582.png

ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ငယ်ရွယ်တဲ့ ပုံစံလေးကြောင့် Seo Shin Ae ကို ပရိသတ်တွေအများစုက ချစ်ကြပါတယ်။Seo Shin Ae ကို High Kick Through the Roof ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ စတင်သိလာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=605,q=100/15/15902877af3b4a9c6a019d5f7faf72b04aecd099.png

Seo Shin Ae လေးက ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းသလို သရုပ်ဆောင်လည်းကောင်းလွန်းတဲ့သူလေး ဖြစ်ပါတယ်။ ကလေးသရုပ်အဖြစ်စတင်ပွဲဦးထွက်ခဲ့တဲ့ Seo Shin Ae ဟာဆိုရင် ၂၀၁၆ ခုနှစ်မှာ Sungkyungkwan University ရဲ့ ကောလိပ်ကို ဝင်ခွင့်ရခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ၂၀၂၂ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=492,q=100/74/74c4ee472859298c1c118115b02cf8fa822951c9.png

လူအများစုက Seo Shin Ae လေးကို ကလေးလေးလိုပဲ မြင်ပြီး ကလေးလို့ပဲထင်နေပေမယ့် Seo Shin Ae လေးကတော့ တကယ့်ကို အပျိုကြီးဖားဖားအရွယ် ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=913,q=100/78/78526cce66f0ac4ab9285aa5525a4b180b5e22a3.png

Seo Shin Ae က သူမရေးထားတဲ့စာစီစာကုံးလေးတွေကိုစုပြီး စာရေးဆရာအဖြစ်လည်း ပွဲဦးထွက်ခဲ့ပါသေးတယ်။ Seo Shin Ae လေးက လက်ရှိမှာ နတ်သမီးလေးတစ်ပါးလိုမျိုး ပိန်သွယ်ပြီး လှပချောမောလာပေမယ့်လည်းပရိသတ်တွေကတော့ ပါးဖောင်းဖောင်းကလေးမလေးအဖြစ် ဆက်ပြီးမြင်နေကြတုန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=457,q=100/9c/9c13a20cfbc5f247fd264bdbbe02f2e1a93f862f.png

Seo Shin Ae က လက်ရှိမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ ဇာတ်လမ်းတွေကို ထပ်မံမြင်တွေ့ချင်နေကြပြီပဲ ဖြစ်ပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း