တောင်ကိုရီးယားမင်းသား Park Shin-yang ဟာဆိုရင် နာမည်ကြီးတဲ့ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွေထဲက တစ်ကားကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lovers in Paris ဆိုတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

မင်းသား Park Shin-yang က ၂၀၀၂ ခုနှစ်မှာ သူ့ထက်အသက် ၁၃ နှစ်ပိုပြီးငယ်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ အဘိုးက Hagen Daaz Korean Branch ရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပြီး ပိုက်ဆံချမ်းသာတဲ့သူလို့ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။

သူတို့နှစ်ဦးက လက်ထပ်ပြီးတဲ့နောက်မှာ Park Seung-chae လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမက တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့သူဆိုပေမယ့် အမေရိကန်နိုင်ငံသားအဖြစ် စာရင်းသွင်းထားတဲ့သူဖြစ်ပါတယ်။

မင်းသား Park Shin-yang က အသက် ၂၀ ကျော် ကာလတွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့် အသက် ၄၀ ကျော် ၅၀ အရွယ်မှာတော့ ထင်ထားသလောက် အောင်မြင်မှု မရခဲ့တော့ပါဘူး။

ဒါပေမယ့်လည်း သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေက တော့ ဘဝတစ်သက်စာ စားကုန်တော့မှာတောင်မဟုတ်တော့ပါဘူး။

တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲမင်းသားဖြစ်ခဲ့ဖူးပေမယ့် အနုပညာလောကထဲက ပျောက်ကွယ်သွားတဲ့ မင်းသား Park Shin-yang အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။