The Glory မှာ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Lim Ji Yeon ဟာဆိုရင် လက်ရှိ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု များစွာရရှိနေတဲ့သူဖြစ်ပါတယ်။ Lim Ji Yeon ကို ဆက်စီကျပြီး ဆွဲဆောင်မှု ရှိလွန်းတဲ့သူအဖြစ် လူသိများပြီး ညို့ယူဖမ်းစားနိုင်တဲ့သူအဖြစ်လည်း နာမည်ကြီးတဲ့သူဖြစ်ပါတယ်။


ဇန်နဝါရီလ ၂၃ ရက်နေ့မှာ Lim Ji Yeon ရဲ့အေဂျင်စီကနေပြီး Vogue မဂ္ဂဇင်း အတွက် ဆက်စီကျကျ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံတွေထဲမှာ Lim Ji Yeon က ဆံပင်အရှည်လေးနဲ့ အရမ်းလှနေပြီး ဆက်စီဆန်လွန်းနေတာကြောင့် ပရိသတ်တွေအားလုံးကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။


Lim Ji Yeon ရဲ့ ဝတ်စုံက အသားတွေ အရမ်းပေါ်နေပြီး ဆက်စီဆန်လွန်းနေတာကြောင့် သူမရဲ့ ကြွက်သားတွေကို ပရိသတ်တွေက များစွာ အားရနေကြပါတယ်။ Lim Ji Yeon ရဲ့ ခန္ဓာကိုယ်အချိုးအစားကို မြင်တွေ့ခဲ့ကြတဲ့ ပရိသတ်တွေက “မိုက်လိုက်တာ .. Park Yeon Jin ရေ ဘရာဗို ..” “Lim Ji Yeon ကို ထပ်ပြီးချစ်မိသွားပြန်ပြီ” စတဲ့ မှတ်ချက်လေးတွေ ပေးထားကြပါတယ်။


Lim Ji Yeon က The Glory ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့ပြီး လက်ရှိ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု ခံနေရတဲ့ သူဖြစ်ပါတယ်။ The Glory Season 2 ကိုတော့ လာမယ့် မတ်လ ၃ ရက်နေ့မှာ ထွက်ရှိသွားဖို့ရှိတယ်လို့ သိရပါတယ်။
