မကြာသေးခင်ကထွက်ရှိခဲ့တဲ့ The Glory Season (2) ရဲ့ Trailer ကိုကြည့်အပြီးမှာ ပရိသတ်တွေဟာ The Glory Season (2) ဟာ Season (1) ထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ခဲ့ကြပါတယ်။ဆောင်းဟေကိုရဲ့ The Glory Season (1) ဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ခဲ့ပြီး အောင်မြင်မှုတွေလည်းအသီးသီး ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Season (2) ဟာ မတ်လ (၁၀) ရက်နေ့မှာ ထွက်လာမှာ ဖြစ်ပြီး ပရိသတ်တွေဟာ ၁မိနစ်နဲ့ ၅၃ စက္ကန့်သာ ရှိတဲ့ ဗွီဒီယို အတိုလေးကိုကြည့်ရုံနဲ့ သဘောကျခဲ့ကြပြီး အဓိကဇာတ်ကောင် Moon Dong Eun က ပြစ်မှုကျူးလွန်သူတွေကို လက်စားချေဖို့ တရားဝင်စတင်လိုက်တဲ့အခါမှာ ဇာတ်လမ်းက ပိုပြီးပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။Season (1) နဲ့ မတူတဲ့ အရသာကို ခံစားစေရမှာ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
ပရိသတ်တွေအနေနဲ့ Season (2) ထွက်ဖို့အချိန်ကို မစောင့်နိုင်လောက်အောင် ဖြစ်နေကြပါတယ်။ပရိသတ်တွေက "တစ်ခုမှမခန့်မှန်းနိုင်ဘူး၊ တကယ်ပဲ မတ်လ (၁၀) ရက်နေ့ကို အမြန်ရောက်စေချင်တယ်" ၊"တစ်ယောက်ယောက်ကိုတရားရုံးကိုခေါ်သွားသလိုပဲ" "နောက်ပြီး The Glory Season (2) ကရော အဆုံးသတ်ဖြစ်ပါ့မလား ‘’ စတဲ့ မှတ်ချက်အမျိုးမျိုးကို ပေးခဲ့ကြပါတယ်။
တစ်ချို့ပရိသတ်တွေဆို မစောင့်နိုင်လို့ ရူးတော့မယ် ဆိုတဲ့အထိ စိတ်ဝင်စားမှု မြင့်တက်နေပြီး အားပေးကြမ်းနေကြတာ ဖြစ်ပါတယ်။The Glory အဖွဲ့သားတွေအတွက်တော့ တကယ့်ဂုဏ်ယူဝမ်းသာစရာ ကောင်းလှပါတယ်။
Photos: Credit
သတင်း အရင်းအမြစ်៖ Allkpop