"The Glory" မှာ ဆောင်းဟေကိုနဲ့အတူ သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့ဖူးတဲ့ Lee Do Hyun…

//s9.kh1.co/9a/9aec2ba2969754e37f68225148a3f70ad962018a.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဇာတ်လမ်းတွေကြောင့် လူတွေကြားမှာရေပန်းစားပြီး...

မင်းသား Lee Do Hyun ဟာ "The Glory" မှာပါဝင်ဖို့ အစောပိုင်းကငြင်းဆန်ခဲ့တယ် လို့သိရပါတယ်။ "The Glory" ဟာဆိုရင် ဆောင်းဟေကို အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာဖြစ်ပြီး ‌သူ့ရဲ့ကျောင်းတွင်းအနိုင်ကျင့်မှု ဇာတ်လမ်းတွေကြောင့် လူတွေကြားမှာရေပန်းစားပြီး ကြည့်ရှုနှုန်းမြင့်တဲ့ ဒရမ်မာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=893,q=100/d2/d2a99934b61541859d02fab3b8b7beecde7264cb.jpg

Lee Do Hyun ဟာဆိုရင် "‌The Glory" ထဲမှာ ဆောင်းဟေကိုရဲ့ ဂလဲ့စားချေမယ့် အစီအစဉ်ကိုကူညီပေးမယ့် ပလတ်စတစ်ဆာဂျရီ ဆရာဝန်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တော်တော်များများ မသိ‌သေးတဲ့အချက်ကတော့ Lee Do Hyun ဟာ အစောပိုင်းက "The Glory" မှာပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့အချက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/90/90091f52c5fcf2b86905fc2413af9b4b8f753b5b.jpg
https://s9.kh1.co/__image/w=650,h=759,q=100/4f/4fbe3a6b16c33c6176bd2d27c8b092d3fa184727.png

Lee Do Hyun ဟာ အစပိုင်းကသူ့အနေနဲ့ သူသရုပ်ဆောင်ရမယ့် ဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ပါ့မလား ဆိုပြီးသံသယရှိကြောင်း ပြောကာ၊ နောက်တော့ စာရေးဆရာမက နာမည်ကြီး၊ ကမ္ဘာကျော်စာရေးဆရာမဖြစ်တာကြောင့် သူ့အနေနဲ့စိတ်မပျက်စေချင်တာကြောင့်လို့ အကြောင်းပြပြီး ငြင်းခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=469,q=100/1c/1c2d003101c31d71caa87d2b7789510c03796ade.jpg

နောက်တော့ စာရေးဆရာမက အကောင်းဆုံးသွားရောက် ညှိနှိုင်းနိုင်ခဲ့ပြီး "The Glory" မှာပါဝင်ဖို့ဆွဲခေါ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Lee Do Hyun အနေနဲ့ အစပိုင်းက သူ့ကိုယ်သူယုံကြည်ချက်မရှိပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့ ဆောင်းဟေကိုနဲ့ တွဲဖက်ညီစွာသရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ချီးကျူးတာကိုခံနေရပါတယ်။

Photos-credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T