SBS ရဲ့ နာမည်ကြီး ဒရမ်မာတစ်ခုဖြစ်တဲ့ K-Drama Business Proposal ကို ထုတ်လွှင့်ခဲ့တာ တစ်နှစ်နီးပါးရှိပေမယ့်လည်း ပရိသတ်တွေက ခေါင်းဆောင်မင်းသား Ahn Hyo Seop နဲ့ မင်းသမီး Kim Sejeong ကိုတော့ ပရိသတ်တွေက အချစ်တွေကို အခုချိန်အထိ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

Ahn Hyo Seop ရဲ့ နောက်ဆုံး Instagram မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာတော့ သူတို့နှစ်ယောက်လုံးက ချိန်းတွေ့နေကြတယ်လို့ အင်တာနက်အသုံးပြုသူတွေက သံသယရှိခဲ့ကြပါတယ်။ မကြာသေးမီက Ahn Hyo Seop က သူ့ရဲ့ ဆယ်လ်ဖီပုံအချို့ကို မျှဝေခဲ့ပြီး ယုန်အီမိုဂျီလေးနဲ့ caption လေးရေးပြီး တင်ထားခဲ့တာပါ။
Sejeong ကလည်း မကြာသေးမီက ယုန်နားရွက်ဝတ်ထားတဲ့ ပုံလေးကို တင်ထားတာကြောင့် မင်းသားက ယုန်အီမိုဂျီနဲ့ တင်လိုက်တာက တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ပြောနေကြပါတယ်။ တစ်ချို့ကလည်း “lovestagram” လို့တောင် ပြောဆိုနေကြတာပါတယ်။
hyoseop definitely saw this pic circulating and on his latest post he captioned (🐰) of all emojis 😆😆😆 pic.twitter.com/VWJwU78lb5
— hyojeong my otp ✨ (@ahn_sejeong) January 19, 2023
Another Hyojeong lovestagram 🐰
— mckenzie ahn (@mckenzieahn_) January 19, 2023
ps: he can't stop being so obvious 😂👀 pic.twitter.com/JJMnuEpJWK
Ahn Hyo Seop ဆယ်လ်ဖီရိုက်တဲ့နေရာက မနှစ်က Sejeong ရှိခဲ့တဲ့နေရာဖြစ်နေကြောင်းကို Netizens က ထောက်ပြခဲ့ပါတယ်။ ပရိသတ်တွေက Ahn Hyo Seop နဲ့ Kim Sejeong တို့က နှစ်ယောက်အတူတူခရီးတွေ ထွက်နေကြတာများလား ဆိုပြီး တွေးတောနေကြပါတယ်။ နောက်ဆုံးမှာ Hyojeong ရဲ့ ပုံကိုဆွဲကြည့်ပြီး မျက်လုံးထဲက ပုံက Sejeong ရဲ့ ပုံပါလို့ ပြောနေကြပါတယ်။
So hear me out guys#AhnHyoSeop #KIMSEJEONG #HyoJeong
— HyojeongTherapist 기쁨 (@IrisPatton14) January 19, 2023
Do you see the reflection of a beach? A woman on a lean back chair and a tree covering umbrella in his eyes? Do you see Sejeong in his soul… sorry I mean eyes
🐰🦊🐰🦊🐰🦊 pic.twitter.com/eaiLxH0wgJ
Sorry Sejeongie✌️ I love you💫🤟
— Gra_vy (@hyojeong1728) January 23, 2023
Whoever that guy sitting on the other side. Peaceyow😘 #Hyojeong#KimSejeong#Hyoseop
🤡 pic.twitter.com/ePlWQLihsG
သူတို့နှစ်ယောက် ချိန်းတွေ့နေကြတယ်လို့ ပရိသတ်တွေက သံသယဖြစ်နေကြတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မကြာသေးမီက သူတို့နှစ်ဦးက 2022 SBS ဒရာမာဆုပေးပွဲတုန်းကလည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
သတင်း အရင်းအမြစ်៖ koreaboo.com