ဒီကနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်းမွေးနေ့ကို ဖြတ်သန်းနေပါတယ်ဆိုတဲ့ မင်းသား ထက်အောင်ရှိုင်း

//s9.kh1.co/b7/b70ccc400cb34e6f2d7ebd04722e40bab5f11d9c.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ပရိသတ်အချစ်တော် မင်းသားချော ထက်အောင်ရှိုင်း ဟာ ဒီကနေ့ကျရောက်တဲ့ သူ့ရဲ့........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင်က အချစ်၏ဖလှယ်ရဂုဏ်သတ္တိ ဇာတ်လမ်းဖြင့် ပရိသတ်တွေရဲ့ အသည်းကို ညှို့ယူဖမ်းစားထားသူ ၊ ခပ်မိုက်မိုက် အထာ နဲ့ မိမိုက်တဲ့ ရုပ်ရည် အသွင်အပြင် ကြောင့် အမျိုးသမီးထုကြီးရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိနေသူ ၊ ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့် ပရိသတ်က တအားချစ်ခင်ရသူ ကတော့ အားလုံးက “ညီ” လို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ မော်ဒယ်မင်းသားချော ‌ထက်အောင်ရှိုင်း ပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မင်းသားချော ထက်အောင်ရှိုင်း ဟာ အခုနောက်ပိုင်းမှာဆိုရင် အနုပညာ လှုပ်ရှားမှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာတာတွေ့ရပြီး ပရိသတ်တွေနဲ့ ထိတွေ့မှု အရမ်းကိုများလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေဟာလည်း အရမ်းကို အသက်ဝင်တဲ့အပြင် သူ့ရဲ့ပျော်ပျော်နေတတ်တဲ့ အမူအကျင့်တွေကြောင့်လည်း ပရိသတ်တွေကလည်း မော်ဒယ်မင်းသားချော ထက်အောင်ရှိုင်း ကို အရမ်း သဘောကျချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့ဟာ မင်းသားချော ထက်အောင်ရှိုင်း ရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။ မင်းသား ထက်အောင်ရှိုင်း ဟာ ဒီကနေ့ကျရောက်လာခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်းသာ ဖြတ်သန်းတော့မှာဖြစ်ကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ပေါ် မှာ “မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်. ပေးတဲ့ဆုနဲ့ပြည့်ရပါစေခင်ဗျာ .. ဒီနေ့မွေးနေ့ကို အဓိပ္ပါယ်ရှိတဲ့ အလှူလေးတွေလုပ်ရင်းပဲ ဖြတ်သန်းဖြစ်မှာပါ ..အားလုံးလဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ God bless you all ” လို့ ရေးသားခဲ့ပါတယ်။ ညီ တစ်ယောက် မွေးနေ့မှစနောင်နှစ်ပေါင်းများစွာ ပျော်ရွှင် အောင်မြင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T