ကလေးသရုပ်ဆောင်အဖြစ်အောင်မြင်ခဲ့ပေမယ့် လူကြီးဖြစ်မှ ပေါ်တင်အကြွေးတောင်းခံနေရတဲ့ Kim Ji Young

//s9.kh1.co/e5/e541e53b3f808786d27782e9f5f1e2979fd5bfe5.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အကြွေးတွေယူထားပြီး ပြန်မပေးလို့တဲ့နော် ..

'Jang Bo Ri Is Here!' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားကလေး သရုပ်ဆောင် Kim Ji Young ဟာဆိုရင် ရည်စားဟောင်းဖြစ်သူရဲ့ အရှက်ရအောက်လုပ်ခြင်းကိုလူသိချင်ကြားခံခဲ့ရပါတယ်။ Kim Ji Young က ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်ခဲ့တဲ့အထိ တော်တော်လေး နာမည်ကြီး အောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ Kim Ji Young က သူမရဲ့ ရည်းစားဟောင်းဆီက ယူထားတဲ့ အကြွေးတွေကြောင့် လူသိရှင်ကြား အရှက်ခွဲခံနေရပါတယ်။

Google
Google

ဇန်နဝါရီလ ၂၂ ရက်နေ့မှာ Kim Ji Young ရဲ့ ရည်းစားဟောင်းဖြစ်ခဲ့တဲ့သူက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူ့အနေနဲ့ အခုကိစ္စကိုတွေးနေခဲ့တာ ၆ လကြာသွားပြီဖြစ်ကြောင်း ၊ သူတို့ နှစ်ဦးက အတူတူနေခဲ့တာဖြစ်ကြောင်း ၊ Kim Ji Young အတွက် သူ့ရဲ့မိဘတွေက ကိုယ်ပိုင် စတူဒီယိုလေးရရှိဖို့ ကူညီပေးခဲ့ကြောင်း ၊ စတူဒီယိုငှားခတွေနဲ့ အိမ်ငှားခတွေပါ ပေးခဲ့ကြောင်း ၊ ဒါပေမယ့် သူမ အနေနဲ့ လမ်းခွဲသွားခဲ့ကြောင်း ၊ လမ်းခွဲပြီး အခြားတစ်ယောက်နဲ့တွဲသွားပေမယ့် အကြွေးတွေကို ဘယ်တော့မှ ပြန် မပေးခဲ့တော့ကြောင်း ၊ သူ့မိဘတွေအနေနဲ့လည်း အကြွေးတွေကြောင့် တော်တော်လေး ဒုက္ခရောက်နေကြောင်း ဆိုခဲ့ပါတယ်။

Google
Google
Google
Google

Kim Ji Young ဆီက အကြွေးကို ရည်းစားဟောင်း ဖြစ်သူက လူသိရှင်ကြား တောင်းခဲ့တာကြောင့် လက်ရှိမှာ Kim Ji Young ရဲ့ နာမည်က တော်တော်လေး ပျက်နေပါတယ်။ Kim Ji Young ရည်းစားဟောင်းရဲ့ အကြွေးတောင်း ပိုစ့်အောက်မှာလည်း အခြား အကြွေးမရတဲ့သူတွေရဲ့ မှတ်ချက်တွေကို တွေ့ခဲ့ရပါသေးတယ်။

Google
Google
Google
Google
Google
Google

Kim Ji Young က ၂၀၁၂ ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး  ၂၀၁၄ ခုနှစ်မှာ အောင်မြင်ကျော်ကြားတဲ့ ကလေး သရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ Jang Bo Ri က လက်ရှိမှာ အသက် ၁၇ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T