BlackPink အဖွဲ့ကနေထွက်ခွါဖို့ အတင်းအကြပ် ဖိအားပေးခံနေရတဲ့ Lisa…

//s9.kh1.co/0a/0a4b60af1ff2485e1923e02ce78501333496c0f8.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

BlackPink အဖွဲ့ဝင်တွေကို စာချုပ်သက်တမ်းထပ်တိုးနိုင်ဖို့...

BlacPink အဖွဲ့ဝင်တွေ နဲ့ YG တို့ကြားက စာချုပ်ဟာဆိုရင် အခုနှစ် ၈ လပိုင်းမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ YG နဲ့ BlackPink တို့ ဟာဟာစာချုပ်သက်တမ်းကို ထပ်တိုးဖို့အတွက် ညှိနှိုင်းနေကြဆဲဖြစ်ကာ မရေရာမှုတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=323,h=400,q=100/d5/d531b780f2b259e6a7fe9455b3a50dc0295b938c.jpg

အထူးသဖြင့်တော့ YG နဲ့ BlackPink အဖွဲ့ဝင် Lisa တို့ကြားက စာချုပ်ဆိုင်ရာ ညှိနှိုင်းမှုတွေဟာ တင်းမာတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ BlackPink အဖွဲ့ဝင်တွေကို စာချုပ်သက်တမ်းထပ်တိုးနိုင်ဖို့ YG အနေနဲ့ အနည်းဆုံး ကိုရီးယားဝမ် ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၁၆ သန်း) ကမ်းလှမ်းပေးချေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် YG အနေနဲ့ အဲ့ဒီလိုပေးချေဖို့အတွက် စဥ်းစားနေဆဲဖြစ်တယ်လို့ အတွင်းသတင်းတွေအရသိရပါတယ်။

https://s9.kh1.co/__image/w=650,h=911,q=100/39/393d07cc9179b3192804d8abcf8d0aa6687b3a36.jpg

တစ်ဖက်မှာလည်း Lisa ကို အခြားတစ်နေရာပြောင်းဖို့ လာရောက်ကမ်းလှမ်းတာတွေရှိနေပြီး ဒေါ်လာ 81 သန်း အထိလာရောက်ကမ်းလှမ်းသူတွေပါ ရှိလာနေပါတယ်။ YG ဘက်ကပေးနေတဲ့ငွေနဲ့ အခုလာရောက်ကမ်းလှမ်းထားတဲ့ ငွေဟာ အပုံကြီးကွာနေပြီး လီဆာအနေနဲ့ စဥ်းစားစရာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/d4/d473548e5166c4b29c29e23e7760b42deab0f872.jpg

YG အနေနဲ့တော့ အခုအခြေအနေတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး အနာဂတ်ကာလမှာ BlackPink နေရာကိုအစားထိုးဖို့ “Baby Monster” ဆိုတဲ့အဖွဲ့ကို ပွဲထုတ်ထားတယ်လို့လည်း သတင်းတွေအရသိရပါတယ်။ ဒါပေမယ့် BlackPink တွေရဲ့အောင်မြင်မှုနဲ့ Lisa ရဲ့ အရည်အချင်းတွေဟာ လိုက်လို့မမှီနိုင်တာကြောင့် YG ဘက်ကနေသာ စွန့်လွှတ်မယ်ဆိုရင်တော့ YG အတွက်ပဲကြီးမားတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=745,q=100/77/77579a356b9e9f382855eb6ffdb15d09620e6ced.jpg

ပရိသတ်တွေကတော့ Lisa အပါအဝင် အဖွဲ့ဝင်တွေစုံစုံညီညီနဲ့ BlackPink ဆိုတဲ့နာမည်နဲ့ပဲ ဆက်ရှိစေချင်နေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T