မနက်မိုးလင်းတာနဲ့ ဆိုင်ရှေ့မှာ စက်ဘီး၊ဆိုက်တွဲလေးတွေနဲ့ လာရောက်အားပေးကြတာကို ကြည်နူးပီတိဖြစ်နေတဲ့ ရဲလေးမ

//s9.kh1.co/77/77acf239466bb5be1b31ca9e7f93ddf74635c952.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၃ ၄pm · လွန်ခဲ့သော တစ်နှစ် က

မနက်မိုးလင်းတာနဲ့ ဆိုင်ရှေ့မှာ စက်ဘီး၊ဆိုက်တွဲလေးတွေနဲ့ လာရောက်အားပေးကြတာကို ကြည်နူးပီတိဖြစ်နေတဲ့ ရဲလေးမ

မိန်းကလေးတစ်ယောက်လို ဝတ်ဆင်ပြီး ပီပြင်သရုပ်ဆောင်မှုတွေကြောင့် လူသိများလာတဲ့ သူကတော့ ဇာတ်ပို့ သရုပ်ဆောင် ရဲလေးမ ပဲဖြစ်ပါတယ်။ ရဲလေးမဟာ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုပါ အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma

အမြဲကြိုးစားနေတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ရဲလေးမဟာ မကြာသေးမီက သူ့ရဲ့ကိုယ်ပိုင် မုန့်ဟင်းခါးဆိုင်လေးကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စဖွင့်တဲ့နေ့လေးမှာတင် ချစ်ရတဲ့ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေက လာရောက်ဝန်းရံပြီး ကြိတ်ကြိတ်တိုး အားပေးခဲ့ကြတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ရဲလေးမလေးက ပရိသတ်တွေ ကြည်နူးစေမယ့် ပုံရိပ်လေးတွေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma

ဒါကတော့ မနက်မိုးလင်းတာနဲ့ သူ့ရဲ့ မုန့်ဟင်းခါးဆိုင်ကို စက်ဘီး၊ဆိုက်တွဲလေးတွေနဲ့ လာရောက်အားပေးကြတာလေးကို ရိုက်ပြထားတာပါ။ ဒီလိုလာရောက်ပြီးအားပေးကြတဲ့ အတွက်လည်း ရဲလေးမက " စိတ်ချမ်းသာရတယ်နော် ...ချစ်လည်း ချစ်ပါတယ်...အားပေးသူပရိသတ်အားလုံးကို နောက်လည်းလာအားပေးပါ...ဆိုင်ခွဲဖွင့်နိုင်အောင်လည်းကြိုးစားပါ့မယ်နော်.." လို့လည်း ရေးသားထားပါတယ်။ ရဲလေးမကို ချစ်တဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ မုန့်ဟင်းခါးဆိုင်လေး ဒီထက်မက ပိုပြီးရောင်းကောင်းအောင် ဝိုင်းဝန်းဆုတောင်းပေးပါဦးနော်...။

Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma
Photo Credit - Ye Lay Ma

သတင်း အရင်းအမြစ်Source - Ye Lay Ma

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T