ဇာတ်လမ်းသစ်ထဲမှာ ထင်ထားသလောက် စိတ်ဝင်စားခြင်းမခံရတော့တဲ့ လီဆောင်းဦး

//s9.kh1.co/45/45138843d3fb69af1f97641f287f6f59747ab9e2.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဇာတ်လမ်းသစ်တွေထဲမှာ ထင်ထားသလောက် စိတ်ဝင်စားခြင်းမခံရတော့တဲ့ မင်းသမီး လီဆောင်းဦး

တောင်ကိုရီးယားမင်းသမီး လီဆောင်းဉီးဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီး ဇာတ်လမ်းတွဲ ဖြစ်တဲ့ ဖန်ရွှေနင်းနဲ့ ယမင်း ရွှေစင် မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ လီဆောင်းဦးကို ဂွီဒေါက်လို့ လူသိများပြီး အေးချမ်းတည်ငြိမ်တဲ့ အလှတရားလေးကြောင့် ပရိသတ်တွေ များစွာက ချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=567,h=801,q=100/cb/cbd486a6839f7904dbf3328c59e220c8bcb03d93.png

တည်ငြိမ်အေးချမ်းတဲ့ ဇာတ်ကောင်းတွေကိုသာရွေးရိုက်ပြီး ဇာတ်အေး ကာရိုက်တာတွေနဲ့ လိုက်ဖက်မှု ရှိတဲ့ မမ လီဆောင်းဦးဟာ နောက်ပိုင်းရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ထင်ထားသလောက် အားရ ကျေနပ်ဖို့ မကောင်းခဲ့ပါဘူး။

https://s9.kh1.co/__image/w=579,h=791,q=100/e5/e5f5dda09f32470de3a613731d3a06cd19f7b622.png

မမ လီဆောင်းဦး ပါဝင်ရိုက်ကူးခဲ့တဲ့ Trolley ဇာတ်ကားဟာဆိုရင်လည်း imdb rating စုစုပေါင်း 7.6/10 ရရှိခဲ့ပေမယ့် ပရိသတ်တွေကြားမှာ လူပြောမများခဲ့ပါဘူး။

https://s9.kh1.co/__image/w=614,h=793,q=100/0c/0c24327ee74ae9d5c602a10b469389dd52bcf2b7.png

ထို့အတူ Undercover ဇာတ်လမ်းတွဲဟာဆိုရင်လည်း Rating 7/10 အထိ ရရှိခဲ့ပေမယ့် လူပြောများတဲ့ ဇာတ်ကားတစ်ကား မဟုတ်ခဲ့ပါဘူး။ နောက်ထပ် ထွက်ရှိဖို့ရှိနေတဲ့ The Bequeathed ဟာဆိုရင် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ထင်ထားသလောက် မရရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=627,h=806,q=100/28/28b5865725ded0db96b4a3df8b00eb1c84534d6f.png

မမ လီဆောင်းဦးရဲ့ အသက်က လက်ရှိမှာ ၄၅ နှစ်အရွယ်ရှိနေပြီ ဖြစ်တာကြောင့် ထိပ်တန်းမင်းသမီး တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို ဆက်လက်ပြီး ထိန်းထားနိုင်မှာလားဆိုတာကို ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T