Fan Meeting ကို သတို့သမီးဝတ်စုံနဲ့တက်ရောက်လာခဲ့တဲ့ ပရိသတ်ကြောင့် ငိုရမလို ရယ်ရမလို ဖြစ်ခဲ့ရတဲ့ မင်းသားချော Kim Seon Ho

//s9.kh1.co/e3/e3b921ccb4450015647daf8bb863b2e8fd23ef80.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ပရိသတ်အချစ်တော် ပါးချိုင့်ပိုင်ရှင်လေး Kim Seon Ho ဟာ ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့မှာ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ပါးချိုင့် ခွက်ခွက် နဲ့  အပြုံးချိုချို တို့ကိုပိုင်ဆိုင်ထားပြီး မျက်နှာချိုချိုလေးနဲ့ ဣတ္ထိယ တို့ရဲ့ အသည်းနှလုံးကို ကိုင်လှုပ်ဖမ်းစားထားသူ ၊ သရုပ်ဆောင်ပီပြင်ပိုင်နိုင်ပြီး ပရိသတ်အပေါ် ရိုကျိုးတတ်တဲ့ အမူအကျင့်ကြောင့် ပရိသတ်အချစ်တော် ဖြစ်နေသူ မင်းသားချော ကတော့ အားလုံးက ချစ်ရတဲ့ မင်းသားချောလေး Kim Seon Ho ပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပရိသတ်အချစ်တော် Kim Seon Ho ဟာ လူမှုရေး ပြဿနာရပ်များကြောင့် စိတ်ပြေလက်ပျောက်ဖြစ်စေရန်အတွက် အနားဘူတဲ့အနေနဲ့ အနုပညာလုပ်ငန်းများကို ခေတ္တရပ်နားကာ အနားယူထားခဲ့ရာမှ အခုချိန်မှာတော့ အခုအခါ ပရိသတ်ရှေ့မှောက်ကိုတဖြည်းဖြည်းချင်းဖြင့် ပြန်လည်ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ အဲ့သလိုပြန်လည်ထွက်ပေါ်လာမှုအပေါ် သူ့ရဲ့ ပရိသတ်တွေကလည်း သူအနုပညာလောကထဲကို ပြန်လာခဲ့မှုအပေါအတော်လေးကျေနပ်ဝမ်းသာနေကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အခုတလောမှာ Kim Seon Ho ဟာ သူ့ ရဲ့ Fan Meeting ပွဲတစ်ခုအတွက် ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့ကို ရောက်ရှိနေခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေနဲ့‌ တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ Fan Meeting မှာ ပရိသတ်တစ်ဦးရဲ့ ချစ်စရာ အပြုအမူကြောင့် Kim Seon Ho ဟာ ငိုရမလို ရယ်ရမလို ဖြစ်သွားခဲ့ပါတယ်။ အဆိုပါ Fan Meeting ပွဲမှာ ပရိသတ်အမျိုးသမီးတစ်ဦး ဟာ Kim Seon Ho ရှိရာ စင်ပေါ်သို့ သတို့သမီးဝတ်စုံ ဝတ်ဆင်ကာ တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ကို မြင်လိုက်ရတဲ့ Kim Seon Ho ကတော့ သူ့အပေါ်ထားရှိတဲ့ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာ က အင်မတန် နွေးထွေးပြီးချစ်စရာကောင်းတာကြောင့် အားပါးတရရယ်နေခဲ့တာဖြစ်ပါတယ်။ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာတဲ့ Kim Seon Ho တစ်ယောက် ဒီ့ထက်ပို အပြုံးပန်းဝေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီသတင်းကိုဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T