ကလေးသရုပ်ဆောင်တုန်းကမျက်နှာလေးအတိုင်း ပုံစံတူလုပ်ပြလိုက်တဲ့ Wang Seok Hyeon

//s9.kh1.co/9e/9e07aa769c646801b1d1e3ef48cb5fe5d16f14ed.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

တကယ်ချစ်စရာလေး ငယ်ရုပ်လေး မပျောက်ဘူးနော် ..

တောင်ကိုရီးယားမင်းသား Wang Seok Hyeon ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့ Scandal Makers ဇာတ်လမ်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့သူဖြစ်ပါတယ်။ Wang Seok Hyeon က ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းက တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ်နဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆုတောင်းစကားလေးတစ်ခွန်းဝေမျှပေးခဲ့ပါတယ်။ Wang Seok Hyeon က အဆိုပါ ဆုတောင်းစကားကို ကလေးသရုပ်ဆောင် လုပ်ခဲ့တဲ့က မျက်နှာအနေအထားလေးနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။

Google
Google

Wang Seok Hyeon ရဲ့ ပုံရိပ်ကို မြင်မြင်ချင်းမှာ ပရိသတ်တွေအများစုက “ 'Scandal Maker' ထဲက ကလေးလေးက တော်တော်လေး အရွယ် ရောက်နေပြီဖြစ်ကြောင်း ၊ သူတို့အားလုံးရဲ့ အသက်တွေဟာလည်း ကြီးနေပြီဖြစ်ကြောင်း ၊ Wang Seok Hyeon လေး ဘယ်အချိန်တုန်းက အခုလိုမျိုး မြန်မြန် အရွယ်ရောက်လာခဲ့တာလဲ ဆိုတဲ့အကြောင်း ၊ Seok Hyeon ကတော်တော်လေး လူကြီးလေးဖြစ်လာတာပဲ ဆိုတဲ့အကြောင်းတွေနဲ့  ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းစကားလေးတွေကို မှတ်ချက်လေးတွေ ပေးထားကြပါတယ်။

Google
Google
Google
Google
Google
Google

Wang Seok Hyeon က ကလေးသရုပ်ဆောင်လေးအနေနဲ့ အသက် ၆နှစ်အရွယ် ၂၀၀၈ ခုနှစ်ကတည်းက ပွဲဦးထွက်လာခဲ့တာ ဖြစ်ပါတယ်။ Wang Seok Hyeon က လာမယ့် ဇွန်လမှာ အသက် ၂၀ ပြည့်တော့မှာ ဖြစ်ပြီး အရပ်အရှည်ကြီးဖြစ်ကာ ခန့်ညားတဲ့သူအဖြစ် အရွယ်ရောက်ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

တစ်ခေတ်တစ်ခါက ကလေး သရုပ်ဆောင်လေး အဖြစ်နာမည်ကြီးခဲ့တဲ့ ကလေးလေး အဖြစ်ကနေ အရွယ်ရောက်လာခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင် Wang Seok Hyeon အကြောင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T