ရည်းစားဟောင်း Eugene ကိုဆုံးရှုံးခဲ့ရပြီးနောက်မှာ အဆုံးစီရင်သွားခဲ့တဲ့ မင်းသား Park Yong Ha

//s9.kh1.co/02/023d0e375c48140b44e9261020be35524d1e24d2.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ရည်းစားဟောင်း Eugene ကိုဆုံးရှုံးခဲ့ရပြီးနောက်မှာ အဆုံးစီရင်သွားခဲ့တဲ့ မင်းသား Park Yong Ha

 Park Yong Ha ဟာ ငယ်ရွယ်ပြီး အောင်မြင်မှုတွေရရှိနေတဲ့ အချိန်မှာ သေတမ်းစာတစ်စောင်တောင် မချန်ခဲ့ဘဲအဆုံးစီရင်ခဲ့တာကြောင့် သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပရိသတ် အများအပြားက အံ့ဩတုန်လှုပ် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=588,h=1022,q=100/a2/a2cd51119b0fd5f1638c458221b27f0100bebe66.png

Park Yong Ha သေဆုံးမှုဖြစ်ပြီးတဲ့နောက်မှာ မိခင်ကြီး ကိုယ်တိုင်က သားဖြစ်သူလေးရဲ့ ဘဝ အကြောင်းနဲ့ ပတ်သတ်ပြီး စာမျက်နှာ ၂၆၀ ရှိတဲ့ အတ္ထုပ္ပတ္တိလေးတစ်အုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။ အတ္ထုပ္ပတ္တိထဲမှာပါတဲ့အကြောင်းအရာတွေအရ Park Yong Ha ဟာ မကွယ်လွန်ခင်မှာ စိတ်ကျရောဂါ ရနေခဲ့တယ်လို့ ထည့်ရေးထားပါတယ်။ ဂျပန် စိတ်ရောဂါ ဆရာဝန်ကြီးရဲ့ အဆိုအရ Park Yong Ha ဟာ အချစ်ကြောင့် အဓိပ္ပါယ် မဲ့တဲ့ ဘဝကြီးကိုဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=547,h=385,q=100/4a/4af43ae8b6edf127e42526d157a5f8e476df13ac.png

ပရိသတ်တွေက Park Yong Ha ရဲ့ အချစ်ရေးကို ရှာဖွေကြည့်လိုက်တဲ့အခါမှာ မင်းသမီး Eugene နဲ့ သမီးရည်းစားတွေ ဖြစ်ခဲ့ကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။   ရည်းစားထားတာနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တစ်ခုလိုမျိုး အရမ်းကို ကဲ့ရဲ့ခံခဲ့ရတဲ့ စုံတွဲတွေထဲမှာ Park Yong Ha နဲ့ Eugene တို့လည်း ပဲလှော်ကြား ဆားညပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=284,q=100/47/473fe971900f08afb68ce332c01f16295efe3266.png

သူတို့ နှစ်ဦး ချိန်းတွေ့နေတဲ့ ပုံရိပ်တွေဟာ Hacker တစ်ယောက်ကြောင့် ပျံ့နှံ့သွားခဲ့ပါတယ်။ ချိန်းတွေ့တဲ့ သတင်းထွက်လာလာချင်းမှာပဲ ပရိသတ်တွေက လမ်းခွဲကြဖို့ အတင်းတွန်းအားပေးခဲ့ကြပါတယ်။ Park Yong Ha ကတော့ သူ့ရဲ့ ကိုယ်ပိုင်ဘဝဖြစ်တာကြောင့် သူချစ်တဲ့သူကို သူ့ဘာသာ စိတ်ကြိုက် ရွေးချယ်နိုင်တယ်ဆိုပြီး ပရိသတ်တွေနဲ့ ဆန့်ကျင့်ကာ Eugene နဲ့ လုံးဝ လမ်းမခွဲခဲ့ပါဘူး။

https://s9.kh1.co/__image/w=420,h=544,q=100/e6/e60192c0f08cb146e9df8be1741ab916cb76bd9d.png

ဒါပေမယ့်လည်း ပရိသတ်တွေကမင်းသမီး Eugene ကို ပိုပိုမုန်းတီးလာခဲ့ကြပြီး ခြိမ်းခြောက်မှုတွေပါ ပြုလုပ်လာခဲ့ပါတယ် ။ ကိုယ် အရမ်းချစ်ရတဲ့ကောင်မလေးကို ထိခိုက်ခဲ့တာကြောင့် Park Yong Ha တစ်ယောက် Eugene ကို ချစ်ရက်နဲ့ လမ်းခွဲပေးခဲ့ရပါတယ်။  Park Yong Ha ဟာ မူးလာတိုင်းမှာလည်း သူ့ဘဝမှာဘယ်တော့မှ မမေ့နိုင်တဲ့ ကောင်မလေး ရှိခဲ့ဖူးကြောင်း အမြဲ ပြောခဲ့တဲ့ သူဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=350,h=263,q=100/8d/8d710d7cf88fc352e0d736810cce83428ab93bc7.png

 Park Yong Ha ဟာ အရမ်းချစ်ရတဲ့ကောင်မလေး Eugene နဲ့ လမ်းခွဲခဲ့ပြီး အချစ်သစ်ကို ထပ်မရှာဘဲ အရှုံးသမားတစ်ယောက်လိုမျိုး ရှင်သန်နေထိုင်ခဲ့ပေမယ့် Eugene ကတော့ မင်းသား Ki Tae Young နဲ့ တွဲခဲ့ပြီး ၂၀၁၁ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=530,h=786,q=100/ff/ff2d1c569c320ac6d40a2ac60f8eb82a07b5352c.png

Eugene လက်မထပ်ခင် တစ်နှစ်အလို ၂၀၁၀ ခုနှစ်မှာပဲ Park Yong Ha က လူ့လောကကြီးကို နှုတ်ဆက်ထွက်ခွါသွားတာကြောင့် ချစ်ရသူလေး Eugene ရဲ့ လက်ထပ်ပွဲကို မကြည့်နိုင်တာကြောင့် အဆုံးစီရင်ခဲ့တာလို့ သုံးသပ်ခဲ့ကြသူတွေလည်း ရှိပါတယ်။ Park Yong Ha ဆုံးပါသွားပြီးတဲ့နောက်မှာ သူ့ရဲ့ ပရိသတ်တွေက များစွာ ယူကြုံးမရဖြစ်ခဲ့ပြီး အခြားပရိသတ်တွေကို သူတို့လိုမျိုး အဖြစ်ဆိုးနဲ့ မကြုံတွေ့ရစေဖို့ အခုလို တောင်းဆိုခဲ့ကြပါတယ်။“မင်းရဲ့ idol တွေ ချိန်းတွေ့တာပဲဖြစ်ဖြစ် အဖွဲ့ကနေထွက်ဖို့ ဆုံးဖြတ်တာပဲဖြစ်ဖြစ် မင်းရဲ့ idol တွေကို တတ်နိုင်သမျှချစ်ပေးကြပါ။ ဘယ်လို အခြေအနေမျိုး ဖြစ်လာ ဖြစ်လာ သူတို့ကို ထောက်ခံပေးပါ။

https://s9.kh1.co/__image/w=419,h=523,q=100/6e/6e7cc34ec122283eda73739a6e757232f210da37.png

ဘာကြောင့်လဲဆိုတော့အနည်းဆုံး သူတို့ ကအသက်ရှင်နေသေးလို့ပါ။ ငါ့တို့ရဲ့ အိုင်လ်ဒေါကြီးကတော့ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။" စိတ်ကျရောဂါကြောင့် ဆွဲကြိုးချပြီး အဆုံးစီရင်သွားခဲ့တဲ့ မင်းသား Park Yong Ha ရဲ့ နောက်ကွယ်က ဖြစ်ရပ်ကတော့ ရင်ထဲကို နင့်နေအောင်ကို ခံစားရပါတယ်နော်။ လူ့လောကမှာ မရှိရှာတော့တဲ့ တစ်ခေတ်တစ်ခါကလျှမ်းလျှမ်းတောက် မင်းသားတစ်ယောက်အကြောင်းကို စိတ်မကောင်းဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T