တောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ လီမင်ဟိုဟာ အောင်မြင်မှုများစွာ သိမ်းပိုက်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့ အသဲစွဲမင်းသားတစ်ဦး ဖြစ်ပါတယ်။သူဟာ အာရှတစ်ခွင်မကပဲ တစ်ကမ္ဘာလုံးကို ဆယ်စုနှစ်တစ်ခုကြာအောင် လွှမ်းမိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ချောမောလှတဲ့ ရုပ်ရည်ကြောင့် မိန်းကလေးတိုင်းဟာ သူနဲ့တွဲချင်ကြပြီး သူ့အချစ်ရေးကိုလည်း အထူးစိတ်ဝင်စားကြတာ ဖြစ်ပါတယ်။လီမင်ဟို ဟာ နာမည်ကြီးမင်းသမီးတွေနဲ့ တွဲခဲ့ရုံသာမက နာမည်ကြီးမင်းသမီးတွေနဲ့ တွဲနေတဲ့ဆိုတဲ့သတင်းတွေ ခဏခဏထွက်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

သူ့ပရိသတ်တိုင်းက သူ့သဘောကျတဲ့ကောင်မလေး ပုံစံကိုအထူးစိတ်ဝင်စားကြတာ ဖြစ်ပြီး အံ့သြစရာကောင်းတာကတော့ လီမင်ဟို က သူ့ရဲ့စံပြမိန်းကလေးပုံစံဟာ နာမည်ကြီးမင်းသမီး ဆောင်းဟေကို ဖြစ်တယ်လို ဖွင့်ဟခဲ့ဖူးတာ ပဲဖြစ်ပါတယ်။လီမင်ဟိုက `` ကျွန်တော့်ရဲ့ စံပြပုံစံကတော့ ဆောင်းဟေကို ပါ။

သူမရဲ့ သရုပ်ဆောင်စွမ်းရည်၊ ရင့်ကျက်တဲ့ ကာရိုက်တာနဲ့ ကြော့ရှင်းတဲ့ ဂန္တဝင်ပုံစံကြောင့် ဆောင်းဟေကို ကို သဘောကျပါတယ်၊ ငယ်ငယ်ကတည်းက ဆောင်းဟေကိုရဲ့ အမာခံပရိသတ်ဖြစ်ခဲ့ပြီး စံပြပုံစံ ဘယ်တော့မှပြောင်းဖြစ်မယ်လို့ မထင်ပါဘူး ‘’ လို့ပြောကြားခဲ့ပါတယ်။ထပ်မံပြီး လီမင်ဟိုက ဆောင်းဟေကိုနဲ့ အလုပ်တွဲလုပ်ချင်ကြောင်လည်း ဝန်ခံခဲ့ဖူးတာဖြစ်ပါတယ်။