ကိုရီးယားမင်းသားတွေထဲမှာဆိုရင် Cha Eun Woo ကိုပရိသတ်တွေက ရုပ်အချောဆုံး မျက်နှာပိုင်ရှင် (မျက်နှာဘုရင်) အဖြစ်တင်စားလေ့ရှိကြပါတယ်။ Cha Eun Woo ကတော့ ရုပ်အရောချောဆုံးဖြစ်နေတာတောင် မာန မကြီးပဲ သူ့ရဲ့နှိမ့်ချပြီး ယဉ်ကျေးတဲ့အပြုအမူလေးကိုထုတ်ဖော်ပြသခဲ့ပါတယ်။

YouTube ပေါ်မှာတက်လာတဲ့ ရုပ်သံတစ်ခုမှာတော့ Cha Eun Woo ကို စာအုပ်တစ်အုပ်ကို unbox လုပ်ပြီး review ပေးနေတာတွေ့ရပါတယ်။

ဗီဒီယိုထဲမှာ Cha Eun Woo ကသူရိုက်ခဲ့တဲ့ ပုံတွေတစ်ပုံချင်းစီကိုကြည့်ပြီး ပုံတွေအကြောင်း အသေးစိတ် ပြောပြနေတာကိုတွေ့ရပါတယ်။ ပုံတစ်ပုံမှာတော့ Cha Eun Woo ကသူ့ကိုယ်သူကြည့်ပြီး "ကျနော့်လက်မောင်းတွေကို နဲနဲ… ကြက်ပေါင်တွေနဲ့မတူဘူးလား" ဆိုပြီးမေးခဲ့တာတွေ့ရပါတယ်။


ပုံတစ်ပုံမှာတော့ သူ့ကိုယ်သူကြည့်ပြီး ကျနော့်မျက်နှာလေးက ချိုလိုက်တာ၊ မူလတန်းကလေးလေးလိုပဲ" ဆိုပြီး ပြုံးရွှင်စွာပြောနေပြီး နောက်ပုံတစ်ခုမှာတော့ သူ့ခန္ဓာကိုယ်ကိုကြည့်ပြီး "ဝိုး၊ ကျနော့်တင်ပါးတွေကကြီးလိုက်တာနော်" ဆိုပြီး အရွှန်းဖောက်ပြီးပြောခဲ့တာတွေ့ရပါတယ်။

Photos-credit





