ဆူရှန် သာ ရှိနေခဲ့ရင် ဒီနေ့က သူ့ရဲ့ အသက်(၃၇)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်

//s9.kh1.co/bb/bb3dc75061fc452c69629f964027ec2dd3097649.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဇန်နဝါရီ (၂၁)ရက်နေ့ ဟာ ပရိသတ်အချစ်တော် မင်းသားချော ဆူရှန် ရဲ့..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကြည်လင်တောက်ပလွန်းတဲ့အပြုံး ၊ ချောမောခန့်ညားမှုနဲ့အတူ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူကတော့ ပရိသတ်အချစ်တော် ဘောလိဝုဒ်ကြယ်ပွင့် ဆူရှန်ဆင်း ပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဆူရှန်ဆင်း ဟာ လွန်ခဲ့တဲ့ (၂)နှစ်က ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ကွယ်လွန်မှုဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တယ်လို့ဆိုကာ သတ်မှတ်ခဲ့ကြပေမယ့် သိပ်မကြာခင်လပိုင်းက ဆူရှန် ဟာ အသတ်ခံခဲ့ရတယ်ဆိုတဲ့ ထုတ်ဖော်ပြောကြားချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ ဆူရှန် ရဲ့ ကွယ်လွန်မှု ဟာ အတော်ကို နှမြောတသဖြစ်စရာဖြစ်ရပ်အဖြစ် ထင်ကျန်နေရုံသာမက ပရိသတ်တွေက သူ့ရဲ့ဆုံးရှုံးမှုအပေါ် တအားကို ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့ ဇန်နဝါရီ (၂၁)ရက်နေ့ က ဆူရှန်မရှိတဲ့ ဆူရှန်ရဲ့မွေးနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်ခွဲ ၂၀၂၀ ဇွန်လ (၁၄) ရက် ကသာ ဆူရှန် မကွယ်လွန်ခဲ့ဘူးဆိုရင် ဒီနေ့ မှာ ဆူရှန်ဟာ အသက် (၃၇) နှစ် ပြည့်နေပါပြီ။ ဆူရှန်တစ်ယောက်နောက်ဘဝဆိုတာရှိလာခဲ့ရင် အခုလိုဖြစ်ရပ်ဆိုးမျိုးနဲ့မကြုံကြိုက်ပါစေနဲ့ လို့ ဆုတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T