တောင်ကိုရီးယားနာမည်ကျော်တစ်ဦးဖြစ်တဲ့ BTS အဖွဲ့ဝင် Jimin ဟာ အင်္ဂလန် ဘောလုံးအကျော်အမော်တစ်ယောက် ဖြစ်တဲ့ David Beckham ရဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။Jimin ဟာ အေးအေးဆေးဆေးနဲ့ ယဥ်ကျေးစွာ နေထိုင်တတ်သူ ဖြစ်တာကြောင့် ပရိသတ်တိုင်းဟာ သူ့ကိုချစ်ခင်ကြပြီး အခုဆို David Beckham ကပါ Jimin ရဲ့ ယဥ်ကျေးစွာနေထိုင်တတ်မှုကို လေးစားခဲ့တာ ဖြစ်ပါတယ်။

ဇန်န၀ါရီလ (၂၀) ရက်နေ့တုန်းက Dior ဖက်ရှင်ရှိုးကို Paris မှာကျင်းပခဲ့ပြီး BTS ရဲ့ Jimin အပါအဝင်အနုပညာရှင်များစွာ ထိုပွဲကို တက်ရောက်ခဲ့ကြပါတယ်။ထိုပွဲမှာ Jimin ဟာ ပေါ့ပေါ့ပါးပါးနဲ့ မီးခိုးနဲ့အဝါနုရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

David Beckham ဟာလည်း သူ့ရဲ့ (၁၇) နှစ်အရွယ် သားငယ်နဲ့အတူ အရမ်းမိုက်တဲ့ Fashion နဲ့ပွဲတက်ခဲ့ပြီး ပွဲအပြီးမှာတော့ David Beckham ဟာ ကမ္ဘာကျော် K-pop စတား Jimin နဲ့ဓာတ်ပုံရိုက်ခဲ့ပြီး လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။Beckham တင်မကပဲ သူ့ရဲ့သားကပါ ထိုပုံကို story မှာ ပြန်မျှဝေခဲ့ပါသေးတယ်။

ကမ္ဘာကျော် ဖြစ်တဲ့ David Beckham ကအခုလို ဂုဏ်ပြုခဲ့တာ ကြောင့် ပရိသတ်တွေကလည်း အံ့အားသင့်ခဲ့ကြပြီး မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။Jimin ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ အနုပညာရှင်အတွက် ဂုဏ်ယူနေပြီး အရမ်းဝမ်းသာနေကြတာ ဖြစ်ပါတယ်။



Photos:Credit
သတင်း အရင်းအမြစ်៖ Allkpop





