ဘောလိဝုဒ်ရဲ့ ကြယ်ပွင့် ဖြစ်တဲ့ ရှာရွတ်ခမ်း ဟာ လေးနှစ်အကြာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီးနောက်မှာတော့ ပရိသတ် ရှေ့မှောက်သို့ Pathaan ဆိုတဲ့ အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အဆိုပါ ဇာတ်ကား ဟာ ပရိသတ်စိတ်ဝင်စားမှုရရှိနေပါတယ်။
Pathaan ဇာတ်ကားဟာ အိန္ဒိယသူလျှိုတစ်ဦးဟာ ၎င်းရဲ့ ဇာတိမြေကို ပစ်မှတ်ထားရန်ကြံစည်နေတဲ့ ရက်စက်ကြမ်းကြုတ်သော ကြေးစားလူဆိုးခေါင်းဆောင်ကို ဖမ်းခေါ်သွားတာကို အပီပြင်ဆုံး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘောလိဝုဒ်ကြယ်ပွင့်တွေဖြစ်တဲ့ Deepika Padukone နဲ့ John Abraham တို့ကလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။
ဒီ Pathaanဇာတ်ကား ဟာ လေးနှစ်ကျော်အတွင်း ရှာရွတ်ခမ်း ရဲ့ ပထမဆုံး ဇာတ်ကားလည်း ဖြစ်တာကြောင့် အခုဆိုရင် ရုံတင်မပြသခင်မှာတင်ပဲ လက်မှတ်ပေါင်း (၂)သိန်းခွဲ ခန့် ဟာ တိကနဲဆိုသလို ရောင်းချလို့ ကုန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ရှာရွတ်ခမ်း ရဲ့ Comeback ကတော့ အင်မတန်ကို ကြမ်းထော်နေတာကြောင့် ဘောလိဝုဒ်လောကမှာလူပြောများစရာကိစ္စဖြစ်နေပါတော့တယ်။ Pathaan ဟာ ပရိသတ်အားပေးရလောက်တဲ့အထိကိုကောင်းမွန်တဲ့ကားလားဆိုတာတော့ ပရိသတ်တွေကစောင့်ကြည့်ရတော့မှာ အသေအချာပါပဲ။