တောင်ကိုရီးယားမင်းသမီး Kim Yoo Jung ဟာဆိုရင် ပိန်သွယ်လွန်းတဲ့ ပုံစံကြောင့် လက်ရှိ ပရိသတ်တွေကြားမှာဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ Kim Yoo Jung က ပြည့်ပြည့်ဖောင်းဖောင်း ပုံစံလေးနဲ့ ကလေး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်တာကြောင့် အခုလို ပိန်သွယ်နေတဲ့ ပုံစံက ပရိသတ်တွေကို များစွာ အံ့ဩတုန်လှုပ်သွားစေခဲ့ပါတယ်။



ဓာတ်ပုံလေးတွေထဲမှာ Kim Yoo Jung ရဲ့ ပုံစံက အပျိုဖြန်းလေးလိုမျိုး ချောမောလှပလွန်းနေပေမယ့် အရမ်းပိန်သွယ်လွန်းနေပါတယ်။ Kim Yoo Jung ရဲ့ နောက်ကျောဘက်အလှက ချစ်ဖို့ကောင်းလွန်းနေပေမယ့် အရိုးတွေပေါ်နေတာကြောင့် ခန္ဓာကိုယ် အလေးချိန်တွေ အများကြီး ကျသွားတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

Kim Yoo Jung က ကိုယ်အလေးချိန် အလွန်အမင်း တိုးလာတာကြောင့် ဆန်အစား အမျှင်ပါတဲ့ ပေါင်မုန့်တွေနဲ့ကယ်လိုရီနည်းတဲ့ အစားအသောက်တွေကိုသာ စားနေရတယ်လို့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။


ဒါကြောင့် သူမရဲ့ခန္ဓာကိုယ်က အခုလိုမျိုး သိသိသာသာ ပိန်သွယ်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ Kim Yoo Jung ရဲ့ အသွင်အပြင်အသစ်ကို တစ်ချို့က အကောင်းမြင်စိတ်နဲ့ ကြည့်ပြီး ပြောကြပေမယ့် အချို့ကတော့ သူမရဲ့ကိုယ်အလေးချိန်ကျတာကို မကြိုက်နှစ်သတ်ကြောင်း ထုတ်ဖော်ပြောဆိုကြပြီး “အရမ်းလှပေမယ့် ပိန်လွန်းပါတယ်” “ပါးပြင်ဖောင်းဖောင်းလေးနဲ့က အရမ်းချစ်စရာကောင်းတာ” “ကိုယ်အလေးချိန် အများကြီးကျသွားတာထင်တယ်” စတဲ့ မှတ်ချက်တွေ အသီးသီးပေးထားကြပါတယ်။
