ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Lily ကတော့ ထိုင်း-မြန်မာ ကပြားမင်းသမီးလေး ဖြစ်သလို ထိုင်းနိုင်ငံမှာလည်း နာမည်ကြီး ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ကတော့ ထိုင်းလူမျိုးဖြစ်ပြီး မိခင်ကတော့ မြန်မာဖြစ်ပါတယ်။


အချစ်ရေးနဲ့ ပတ်သက်ရင်လည်း Lily က ထိုင်း-ပြင်သစ်ကပြား မင်းသား Chin Chinawut နဲ့ တွဲနေတာပါ။ သူမနဲ့ Dj P’Push တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ "မာယာတစ်ထောင်ကား" ဆိုတဲ့ Drama မှာ လူသိများလာပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာ ပဲဖြစ်ပါတယ်။


2021 မှာတော့ ဝမ်ထုန် ကားထဲမှာ အိနွိုင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Lily Pantila လေးက မြန်မာလိုအရမ်းမကျွမ်းပေမဲ့ ကြိုးစားပြီးပြောထားတာတဲ့ ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိပါတယ်။


ချစ်ဖို့ကောင်းတဲ့ ထိုင်း-မြန်မာ ကပြားမင်းသမီးလေး Lily ရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Lily's IG Acc





