ခပ်မိုက်မိုက် Rap သီချင်းတွေ ကို သီဆိုဖန်တီးလေ့ရှိပြီး လူငယ် သဘာဝနဲ့ ကိုက်ညီမယ့် လူငယ်အကြိုက် တေးသီချင်းတွေကို ဖန်တီးလေ့ရှိသူ ၊ အေးဆေးနေတတ်တာကြောင့် ပရိသတ်ရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားသူကတော့ အားလုံးကချစ်ရတဲ့ အဆိုတော် လွှမ်းပိုင် ပဲ ဖြစ်ပါတယ်။

အဆိုတော် လွှမ်းပိုင် ဟာ သိပ်မကြာခင် လပိုင်းကတင်ပဲ သူနဲ့(၁၃)နှစ်ကြာအောင် ချစ်ကျွမ်းဝင်လာခဲ့တဲ့ အဆိုတော် Bobby Soxer နဲ့ နှစ်ဦးသဘောတူ အေးချမ်းစွာ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း ကို ပရိသတ်ထံသို့ လူမှုကွန်ယက်စာမျက်နှာ မှ တဆင့် တရားဝင်ပြောကြားလာခဲ့တာဖြစ်ပြီး အဆိုပါ သတင်းဟာ ပရိသတ်တွေရဲ့ အသည်းကို ဟက်တက်ခွဲလိုက်တဲ့ သတင်းဖြစ်ခဲ့တာကြောင့် အတော်များများ က စိတ်ဝင်စားခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

အဲ့သတင်း ထွက်ပေါ်လာပြီးနောက်ပိုင်းမှာလည်း နှစ်ဦးစလုံး ဟာ ကိုယ့်သက်ဆိုင်ရာ အလုပ်တွေကို အသီးသီးတာဝန်ကျေပွန်စွာ ဆက်လက်လုပ်ဆောင်ခဲ့တာကြောင့် သူတို့နှစ်ဦး ရဲ့ ခံစားချက်က ဘယ်လိုဖြစ်နေမလဲဆိုတာကို ပရိသတ်တွေကအတော်လေးစိတ်ဝင်စားနေခဲ့ကြပါတယ်။ အဲ့သလို ပရိသတ်စိတ်ဝင်စားနေတဲ့ ကိစ္စတစ်ခုဟာ မထင်မှတ်ဘဲဖြစ်ပေါ်လာခဲ့ပါတယ်။ အဆိုတော် လွှမ်းပိုင် ဟာ သိပ်မကြာခင်ရက်ပိုင်း က ဘားတစ်ခုမှာ သွားရောက်ကာ သီဆိုဖျော်ဖြေခဲ့ပြီး အဆိုပါပွဲမှာ သီဆိုနေတုန်း မျက်ရည်တွေကျဆင်းနေခဲ့တယ်လို့ သိရပါတယ်။ လွှမ်းပိုင် က အဲ့သလို ငိုနေခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုဟာ အဆမတန်တိုသလို မြင့်တက်နေခဲ့ပါတယ်။ (၁၃) နှစ်ကြာချစ်ခဲ့ခြင်းရဲ့ နောက်ကွယ် နှစ်ယောက်စလုံး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။



