ဂင်းနစ်စံချိန် 3 ခုကိုတစ်ပြိုင်နက်တည်း ရရှိခဲ့တဲ့ ပထမဆုံး Kpop အဖွဲ့ဖြစ်လာတဲ့ BlackPink…

//s9.kh1.co/d9/d9afb555ad2c33449d4cab6d7b0cba36e554a817.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သူတို့အဖွဲ့ပွဲဦးစထွက်ပြီး ၇ နှစ်အကြာမှာ BlackPink ဟာ...

နာမည်ကြီး Kpop အဖွဲ့ဖြစ်တဲ့ BlackPink အဖွဲ့ရဲ့အောင်မြင်မှုတွေဟာဆိုရင် တော်ရုံလိုက်မမှီတော့လောက်အောင် တစ်စထက်တစ်စ ကြီးထွားလာလျက်ရှိနေပါတယ်။ သူတို့အဖွဲ့ပွဲဦးစထွက်ပြီး ၇ နှစ်အကြာမှာ BlackPink ဟာ Kpop လောကရဲ့ အဆင့်တစ်ခုကိုရောက်ရှိအောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ မနှစ်က ထွက်ရှိခဲ့တဲ့ ‘Born Pink’ ရဲ့အောင်မြင်မှုနဲ့အတူ BlackPink အဖွဲ့ဟာ ဂင်းနစ်စံချိန် ၃ ခုရရှိခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/93/93671e959e6c0dd6d3dc846034b78c38a9abf606.webp

“Born Pink” နဲ့ “Ready For Love” MV နှစ်ခုဟာ BlackPink အဖွဲ့အတွက်ကြီးမားတဲ့ အောင်မြင်မှုတွေယူဆောင်လာပေးခဲ့တယ် လို့သိရပါတယ်။ အဆိုပါ အယ်လ်ဘမ်နှစ်ခုဟာ UK albums chart မှာ နံပါတ်တစ်နေရာ ရောက်ရှိခဲ့တဲ့ ပထမဆုံး Kpop အဖွဲ့ဖြစ်လာတဲ့အတွက် တစ်ကြိမ်, US albums chart မှာ နံပါတ်တစ်နေရာ ရောက်ရှိခဲ့တဲ့ ပထမဆုံး Kpop အဖွဲ့ဖြစ်ခဲ့တဲ့အတွက်က တစ်ကြိမ်,

https://s9.kh1.co/__image/w=650,h=650,q=100/73/737026a856507032de266f8254d45b5f37bd8da4.png

MTV Video Music Awards မှာ the Best Metaverse Performance ဆုကိုပထမဆုံးရရှိခဲ့တဲ့အတွက်က တစ်ကြိမ်၊ စုစုပေါင်း 3 ကြိမ် ဂင်းနစ်မှတ်တမ်းထဲဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် 2022 ခုနှစ်မှာ BlackPink အဖွဲ့ဟာ ဂင်းနစ်စံချိန် ၃ ခုအထိရရှိခဲ့ပြီး သူတို့အဖွဲ့အတွက် ဂုဏ်ယူစရာအကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ea/ea410fcaedf4dd1ed3d91810bb02c522c2733fea.webp

အောင်မြင်မှုတွေရှိနေပေမယ့်လည်း BlackPink အဖွဲ့အနေနဲ့ anti fan တွေနဲ့ရင်ဆိုင်နေရပြီး ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ကမ္ဘာကျော်တဲ့အောင်မြင်မှုဟာ ဘယ်သူမှလိုက်မမှီနိုင်လောက်အောင် ရရှိနေတယ်လို့သိရပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T