မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်ပြီး Reborn Rich နဲ့ The Glory ဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့ပြီး ပြိုင်ဆိုင်မှုကြီးမားခဲ့တာ ဖြစ်ပါတယ်။ဒီထက်ပိုပြီး စိတ်ဝင်စားစရာအချက်ကတော့ နာမည်ကြီးမင်းသားနဲ့ မင်းသမီးတွေ ဖြစ်ကြတဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ရဲ့ ဇာတ်ကားတွေကြောင့်ဖြစ်ပြီး ပရိသတ်တွေကလည်း သူ့တို့ဇာတ်ကားတွေရဲ့ ရလဒ်ကို အမြဲစောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေက သူတို့အားပေးတဲ့ မင်းသားနဲ့ မင်းသမီးဘယ်သူကပိုပြီး အောင်မြင်မှုရမလဲဆိုတာလည်း အမြဲသိချင်နေခဲ့ကြပြီး အခုအချိန်မှာတော့ ပြတ်သားတဲ့ ရလဒ်တစ်ခုကိုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ဆောင်းဟေကို ဟာ ခင်ပွန်းဟောင်းဖြစ်တဲ့ ဆောင်းဂျွန်ကီကို နောက်ကောက်ချန်ခဲ့ပြီး ဇန်နဝါရီလရဲ့ တန်ဖိုးအမြင့်ဆုံးသရုပ်ဆောင်အဆင့်သတ်မှတ်ချက်စာရင်း ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

The Glory ရဲ့ ဆောင်းဟေကိုဟာ ယခုလမှာ စုစုပေါင်းရမှတ် 10,041,913 မှတ် အထိရရှိခဲ့ပြီး ဒုတိယနေရာက 'Reborn Rich' ရဲ့ Song Joong Ki ဟာ စုစုပေါင်း ရမှတ် 8,005,509 သာရခဲ့တာကြောင့်အဆင့် (၁) မှာ အပြတ်အသတ်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။သူတို့နဲ့အတူ 'Alchemy of Souls: Light and Shadow' ရဲ့ ဂိုယွန်ဂျောင်းက တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ Allkpop