ပီကေး ဖောက်ပြန်နေတာကို ဘယ်လိုမိခဲ့လဲ ပြောပြခဲ့တဲ့ ရှာကီရာ

//s9.kh1.co/c1/c1c6a9177e9523a90902fdaae2dd8b1d46cb8d50.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ပီကေးဟာ ရှာကီရာကိစ္စတစ်ခုနဲ့ အပြင်သွားနေတုန်း....

ပြီးခဲ့တဲ့နှစ်က ကိုလံဘီယာအမျိုးသမီး အဆိုတော် ရှာကီရာနဲ့ ဘောလုံးအကျော်အမော် ပီကေးတို့ဟာ ကွာရှင်းခဲ့ကြပါတယ်။အကြောင်းအရင်းကတော့ ပီကေးဟာ အသက်ငယ်ငယ်ကောင်မလေးနဲ့ ဖောက်ပြန်ခဲ့တာကြောင့် ဖြစ်ပြီး အချိန်ခဏလေးအတွင်းမှာ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ မိသားစုဘဝပျက်စီးခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/1c/1c1e8f4fd7ba57e70093a283ef7e17653c85a05d.jpg

ပရိသတ်တွေဟာ ရှာကီရာကို သနားကာ ပီကေးကို ဝေဖန်ခဲ့ကြပြီး ရှာကီရာအနေနဲ့ ပီကေးဖောက်ပြန်တာကို ဘယ်လိုမိခဲ့လဲဆိုတာ သိချင်ခဲ့ကြပါတယ်။ရှာကီရာ အပြင်သွားနေတုန်း ပီကေးဟာ အိမ်မှာဖောက်ပြန်နေခဲ့ပြီး အိမ်ရောက်တော့သဲလွန်စတစ်ခုတွေ့ခဲ့ပါတယ်။ဒါကတော့ ရှာကီရာ လုပ်ထားတဲ့ စတော်ဘယ်ရီယိုဘူးဟာ တစ်ဝက်ခန့်ကုန်နေခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=836,q=100/c1/c150d4e36a7200bab70a732faac6788fadc3f09e.jpg

ရှာကီရာက `` နင်ဖောက်ပြန်နေတာလား သက်သေအတိအကျရှိတယ် ‘’ လို့ ပြောခဲ့ပြီး ပီကေးအနေနဲ့ အစမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းတော့ဝန်ခံခဲ့ရပါတယ်။အကြောင်းမှာ ပီကေးဟာ စတော်ဘယ်ရီယိုကို အလွန်မုန်းတီးသူဖြစ်တာကြောင့် သဲလွန်စဘယ်လောက်ဖျောက်ခဲ့ခဲ့ အခုလိုမိခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=438,q=100/25/25635404f450cb7716d301863d0de4304baffa9e.jpg

ရှာကီရာ က “ငါ့ယောကျ်ားကိုခိုးစားတာလက်ခံနိုင်တယ် ငါ့ယိုကိုခိုးစားတာတော့လက်မခံနိုင်ဘူး” လို့ ဟာသနှောကာပြောခဲ့ပြီး မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ တရားဝင်ကွာရှင်းခဲ့ကြပါတယ်။မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ရှာကီရာရဲ့ သီချင်းအသစ်မှာလည်း ရှာကီရာ ဟာ ပီကေးကို ရည်ရွယ်တဲ့ စာသားတွေနဲ့ နှိပ်ကွပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/8c/8c9e7a9b92c2306e3b478301f8c80b50720ac166.jpg

Photos:Credit

သတင်း အရင်းအမြစ်Google

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T