The Glory ထဲမှာ Song Hye Kyo နဲ့အတူ တွဲပြီးသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Kim Gun Woo က Song Hye Kyo ကို တွေ့တွေ့ချင်းမှာ ၉၀ ဒီဂရီစောင်းပြီး ဂါရဝ ပြုခဲ့တဲ့ ဓာတ်ပုံလေး တစ်ပုံ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေခဲ့ပါတယ်။ Kim Gun Woo က The Glory ထဲမှာ ကျောင်းတွင်း အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ ဇာတ်ကောင် Son Myeong Oh အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


ဇန်နဝါရီလ ၁၃ ရက်နေ့မှာ The Glory ဇာတ်လမ်းတွဲ ရိုက်ကူးရေး နောက်ကွယ်က ပုံရိပ်တွေ ပရိသတ်တွေ ကြားမှာ ပြန့်နှံ့လို့ နေခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ ဇာတ်ကောင်တွေရဲ့ နေ့စဉ်နေ့တိုင်း ပုံရိပ်လေးတွေကို သဘာဝ အတိုင်း မြင်တွေ့ခဲ့ရပါတယ်။ Kim Gun Woo က ဇာတ်ကားထဲမှာ Song Hye Kyo ကို အနိုင်ကျင့်ခဲ့တဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပေမယ့်လည်း ဇာတ်ကားနောက်ကွယ်မှာတော့ Song Hye Kyo ကို ရိုရိုသေသေလေးလေးစားစားဆက်ဆံတဲ့သူဖြစ်ပါတယ်။




Kim Gun Woo ခေါင်မိုးထပ်မှာ ထိုင်နေတဲ့အချိန်မှာ Song Hye Kyo ဝင်လာတာကို မြင်ပြီး တွေ့တွေ့ချင်းမှာပဲ ၉၀ ဒီဂရီစောင်းကာ ဦးညွတ်ပြီး မင်္ဂလာပါလို့ နှုတ်ဆက်ခဲ့ပါတယ်။ Song Hye Kyo က ဇာတ်ကားရိုက်ကူးရေးအတွက် ဖိနပ်ဝတ်နေတဲ့ အချိန်မှာလည်း Kim Gun Woo က သူ့ရဲ့ စီနီယာ မမ အတွက် ဖိနပ်လေးကို ကိုယ်တိုင်စီးပေးခဲ့ပြီး တစ်ခါမှ မလုပ်ဖူးလို့ အမှားပါရင် တောင်းပန်ပါတယ်လို့ ရို့ကျိုးစွာ ပြောခဲ့ပါတယ်။


မမ Song Hye Kyo က ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ သူမရဲ့ အသက်က အခုနှစ်နဲ့ဆိုရင် တောင်ကိုရီးယားနှစ်နဲ့ ၄၃ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Kim Gun Woo က ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ သူ့ရဲ့ အသက်က လက်ရှိမှာ တောင်ကိုရီးယားနှစ်နဲ့ တွက်ရင် ၃၂ နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။


သူတို့ နှစ်ဦး အသက် က ၁၁ နှစ်ကွာပြီး အချင်းချင်း ရိုသေလေးစားမှု အပြည့်ရှိတာကြောင့် ပရိသတ်တွေက များစွာသဘောကျနှစ်သတ်နေတာ ဖြစ်ပါတယ်။ Song Hye Kyo က Kim Gun Woo အသက် ၅ နှစ်အရွယ်ကတည်းက အနုပညာ လမ်းကြောင်းထက်ဆီကို ရောက်ရှိနေတဲ့ အတွေ့အကြုံရှိတဲ့ စီနီယာတစ်ယောက် ဖြစ်ပါတယ်။