2NE1 အဖွဲ့ဝင် Park Bom ဟာ ဆေးဝါးတွေရဲ့ ဆိုးကျိုးတွေခံစားခဲ့ရပြီး အခုအချိန်မှာတော့ ကျန်းကျန်းမာမာနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။Park Bom ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဇန်နဝါရီ (၁၅) ရက်နေ့ နံနက်က ကျင်းပတဲ့ Grand Wave KPOP Music Festival ဖျော်ဖြေမှုအပြီးမှာ ကိုရီးယားကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

မနှစ်က Park Bom ဟာ ခန္ဓာကိုယ်အလေးချိန်အလွန်အကျွံတက်ခဲ့ပြီး ကျန်းမာရေးချို့ယွင်းချက်ကြောင့် ဆေးဝါးတွေသောက်သုံးခဲ့ရတယ်လို့ သိရပါတယ်။မကြာသေးခင်က သူမဟာ (၇၀) ကီလိုဂရမ်မှ (၅၇) ကီလိုဂရမ်သို့လျှော့ချခဲ့ပြီး ပြန်ပြီးကိုယ်အလေးချိန် အနည်းငယ်တက်ခဲ့သေးပါတယ်။

Park Bom က ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ပြီး “ADD ကုသမှုအတွက် ငါသောက်တဲ့ဆေးကြောင့် အစာစားရတာ ခက်ခဲခဲ့ပါတယ်။ ကိုယ်အလေးချိန်ကျနေသေးတဲ့အတွက် အဆင်ပြေပါတယ်။ ကျွန်မ ကိုယ်အလေးချိန်ကျသွားတယ်၊ သောက်တဲ့ဆေးပမာဏကို လျှော့ချပြီး ကျန်းမာသန်စွမ်းလာခဲ့တယ်” လို့ပြောကြားခဲ့ပါတယ်။

Park Bom ဟာ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပြီး ထွက်ရှိလာတဲ့ပုံမှာ Park Bom ဟာ သူမရဲ့မျက်နှာဖုံးကို အနည်းငယ်ဖွင့်ပြီး ကျန်းမာတဲ့မျက်နှာကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်မှုကို ဖြေဖျောက်ပေးနိုင်ခဲ့ပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ Kbizoom





