ထိုင်းမင်းသား P Push နဲ့ ထိုင်းမင်းသမီး Jooy တို့ကတော့ ပရိသတ်တွေက Idol Couple လို့ သတ်မှတ်ထားရသည်ထိ အားကျစရာ အတွဲလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သားလေးကို ပိုင်ဆိုင်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။


သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက အစပိုင်းမှာတော့ သူများတွေထင်သလောက် အဆင်ပြေ ချောမွေ့မနေပါဘူး။ သူတို့နှစ်ယောက်က ရိုက်ကူးရေးလုပ်တုန်းက စတွေ့ခဲ့တာကြတာဖြစ်ပြီး သဘောကျခဲ့ကြပါတယ်။ ဇာတ်ကားထဲမှာလည်း နှစ်ယောက်က Chemistry မိလွန်းတာကြောင့် ပရိသတ်တွေက ဝိုင်း Ship ခဲ့ကြပါတယ်။


အဲတုန်းက Push မှာ ချစ်သူရှိနေပြီး Jooy နဲ့လည်း ဇာတ်ကားအတွက် ပရိုမိုးရှင်းတွေဆင်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။ Push နဲ့ Jooy နဲ့ အရမ်းနီးစပ်နေတဲ့အချိန်မှာ Push က သူ့ချစ်သူနဲ့ လမ်းခွဲလိုက်တာကြောင့် Jooy က ကြားထဲကနေ စနှိုက်ကြော်ခဲ့တာလို့ သတင်းတွေထွက်လာခဲ့ပါတယ်။


Jooy ကလည်း Push နဲ့ တွဲသွားတွဲလာလုပ်ပြီးနောက်ပိုင်း သူ့ချစ်သူနဲ့ပါ လမ်းခွဲလိုက်ပါတော့တယ်။ နှစ်ယောက်စလုံးက ချစ်သူနဲ့ လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းတွေက ရှေ့ဆင့်နောက်ဆင့် တက်လာပါတော့တယ်။ ဝေဖန်မှုတွေပေါ်လာပေမယ့် နှစ်ယောက်လုံးက နားလည်မှုတွေတည်ဆောက်ရင်းနဲ့ ချစ်ခဲ့ကြကာ အခုဆိုရင် ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ iheartthailakronandsouthasiadrama