အမွှာ သား ၃ ယောက်ထဲက မင်းသားဖြစ်နိုင်ချေရှိတဲ့ သားလေးအကြောင်းပြောပြပေးလာတဲ့ ဂျူမုံမင်းသားကြီး

//s9.kh1.co/fa/fa8a6dd3d3a297c32a56e7d46fb10e3fe0dace87.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မင်မင်လည်းသူလေးလို့ပဲ ထင်နေတယ် ..

ဂျူမုံလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားကြီး ဆောင်းအီဂွတ်ဟာဆိုရင် အမွှာသားလေး ၃ ယောက်ရဲ့ ဖခင်အဖြစ် ပရိသတ်တွေကြားမှာနာမည်ကြီးတဲ့သူဖြစ်ပါတယ်။ မင်းသားကြီး ဆောင်းအီဂွတ်က သူ့ရဲ့ အမွှာ သားလေး ၃ ယောက် နဲ့အတူ ပျော်ရွှင်စွာနဲ့နေထိုင်နေပြီး သူ့ရဲ့ သားလေးတွေ အကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။

Google
Google

လက်ရှိမှာတော့ ဆောင်းအီဂွတ်က သားလေးတွေ အကြောင်းကို လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ သိပ်ပြီး တင်ပေးလေ့မရှိတော့ပါဘူး။ ဆောင်းအီဂွတ်ရဲ့ သားလေးတွေက ဒယ်ဟန် ၊ မင်ဂွတ်နဲ့ မန်ဆယ်တို့ဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ ကလေးလေးတွေ ဖြစ်ကြပါတယ်။

Google
Google

လက်ရှိမှာဆိုရင် ဂျူမုံကြီးရဲ့သားလေး ၃ ယောက်က အသက် ၁၁ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဂျူမုံကြီးက သူ့ သားလေး ၃ ယောက်ရဲ့ ပုံစံကို အသေးစိတ်ကျကျ ဖော်ညွှန်းပေးခဲ့ပြီး သားလေး ၃ ယောက်အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

Google
Google

ဆောင်းအီဂွတ်ရဲ့ အဆိုအရ အမွှာလေး ၃ ယောက်ထဲမှာ မင်းသား ဖြစ်လာနိုင်ချေရှိတဲ့ သားလေးက အငယ်ဆုံး မန်ဆယ်လေးလို့ သိရပါတယ်။ ဖေဖေကြီး ဆောင်းအီဂွတ်ကတော့ မန်ဆယ်လေးက အခြားသူတွေရဲ့ ခံစားချက်ကို နားလည်တာကြောင့် ကြီးလာရင် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

Google
Google
Google
Google

တောင်ကိုရီးယား နာမည်ကြီးမင်းသား ဆောင်းအီဂွတ်က သူ့ရဲ့အမွှာသားလေး ၃ ယောက်ကို ၂၀၁၂ ခုနှစ်မှာ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် မင်းသားကြီးရဲ့ သားလေး ၃ ယောက်က အသက် ၁၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဝါ သ နာလေးတွေလည်း အသီးသီး ပေါ်နေကြပြီပဲဖြစ်ပါတယ်။ ဖခင်ကြီး ခန့်မှန်းသလို ပရိသတ်တွေကလည်း မန်ဆယ်လေးက မင်းသား ဖြစ်လာနိုင်တယ်လို့ မှန်းခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာ မန်ဆယ်လေး တကယ်ပဲ မင်းသား ဖြစ်လာမှာလားဆိုတာကို ဆက်ပြီး စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။    

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T