သူ့ရဲ့ ရည်းစားဦးနာမည်ကို ပရိသတ်ကို အတိအလင်းပြောပြလာတဲ့ ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခမ်း

//s9.kh1.co/9b/9b47e9a3093e7ee68cedfc20c8e23e14d990d7b2.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့ ရည်းစားဦး က ဘယ်သူလဲ လို့ လူမှုကွန်ယက်မှာမေးလာကြတဲ့အခါ ရှာရွတ်ခမ်းက ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဘောလိဝုဒ်မင်းသား ရှာရွတ်ခမ်းဆိုတာနဲ့ ပရိတ်သတ်များအားလုံးဟာ တည်ကြည်ခန့်ညားပြီး သရုပ်ဆောင် အင်မတန်ပိုင်နိုင်တဲ့ အိန္ဒိယ မင်းသားဆိုပြီး ရင်းနှီးအကျွမ်းတဝင်ရှိကြပါတယ်။သူဟာ အိန္ဒိယဇာတ်ကားများစွာကိုရိုက်ကူးခဲ့ပြီး အောင်မြင်မှုများစွာကိုရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရှာရွတ်ခမ်း ဟာ အနုပညာမှာတင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ရုံမက သူဟာ မိသားစုကို အရမ်းချစ်ခင်ကြင်နာ ဂရုစိုက်တတ်တာကြောင့် အိမ်ထောင်ရေးမှာပါ အောင်မြင်သူတစ်ဦးအဖြစ်ကျော်ကြားပါတယ်။ လက်ရှိမှာဆိုရင်လည်း ရှာရွတ်ခမ်း ရဲ့ တွစ်တာ မှာ ပရိသတ်တွေက ရည်းစားဦးနာမည်ကို မေးမြန်းလာကြရာ ရှာရွတ်ခမ်းက "ကျွန်တော့်ရဲ့ ရည်းစားဦး က အခုကျွန်တော် လက်ထပ်ယူထားတဲ့ ကျွန်တော့်အမျိုးသမီး ဂေါ်ရီ ပါပဲ " လို့ ချစ်စဖွယ်ဖြေဆိုလာခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ရှာရွတ်ခမ်း ဟာ သူသိပ်ချစ်ရတဲ့ ဂေါ်ရီခမ်း နဲ့ (၁၉၉၁)ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂေါ်ရီခမ်း ဟာ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။ ရှာရွတ်ခမ်း ဟာ ဂေါ်ရီခမ်း နဲ့ အိမ်ထောင်ကျပြီး သားသမီး(၃)ယောက်ဖွားမြင်ထားတယ်လို့ သိရပါတယ်။ မိန်းမ ကို တအားချစ်တတ်တဲ့ ရှာရွတ်ခမ်းကိုတော့ ပရိသတ်တွေက လတ်တလောမှာပိုလို့အချစ်ပိုနေကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T