"Are You Lost Baby Girl? " ဆိုတဲ့ အသံအောကြီးနဲ့ 365 Days ဇာတ်ကားမှာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို တစ်မဟုတ်ချင်းဆိုသလို ရရှိခဲ့ပြီး အမျိုးသမီးပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားပေးမှုကို အပြည့်အဝသိမ်းပိုက်နိုင်ခဲ့သူကတော့ အရမ်းကို မိမိုက်လွန်းတဲ့ Michele Morrone ပါပဲ။


Michele Morrone ဟာ လက်ရှိမှာ သူနဲ့ အသက်(၁၂)နှစ်ကွာတဲ့ Tiktoker ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်နေပြီး အဆိုပါသတင်းဟာ တစ်လောကလုံးက အမျိုးသမီးတွေဆီ ဂယက်ထနေပြီပဲဖြစ်ပါတယ်။ Michele Morrone ဟာ အဆိုပါ အသက်(၂၀)အရွယ်ရှိ Tiktoker ဖြစ်တဲ့ Moara Sorio နဲ့ တရားဝင် တွဲချိတ် ချစ်ကျွမ်းဝင်နေတာ ခရစ္စမတ်ထဲကဖြစ်တယ်လို့ သိရပါတယ်။


အသက်(၃၂) နှစ်အရွယ် ရှိ Michele Morrone ဟာ ရုပ်ရှင်ထဲမှာတင် Daddy လုပ်ရတာ အားမရတာကြောင့် တကယ့်လက်တွေ့ဘဝ မှာပါ Daddy လုပ်ချပစ်လိုက်ပြီလားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်နေပါပြီ။ ဒါတင်သာမက ဘဲကြီးက နောက်ထွက်မယ့် Music video ထဲမှာလည်း သူ့ကောင်မလေးနဲ့အတူ ရိုက်ကူးထားသေးတယ်လို့လည်းသိရပါတယ်။ ဒီကြားထဲ သူ့ကို Gay ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေကြားခဲ့ရပေမယ့် ဘဲကြီးက Instagram မှာ (၁၂) နှစ်ကျော်ငယ်တဲ့ကောင်မလေးနဲ့ ရှယ် Ro ပြနေပြီး တစ်ကွက်ပြလိုက်ပြီပဲဖြစ်ပါတယ်။



