သားအရင်းကို ညှင်းပန်းနှိပ်စက်မှုနဲ့ ဝေဖန်ခံနေရတဲ့ တောင်ကိုရီးယား မင်းသမီး Lee Si Young

//s9.kh1.co/23/239fa0b4531b07729e39008197d7c639cf96eefe.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

သားကို ကျောပေါ်တင်ပြီး တောင်အမြင့်ကြီးကိုတက်တာနော် ကြောက်ဖို့တော့ ကောင်းတယ် ..

တောင်ကိုရီးယားမင်းသမီး Lee Si Young ဟာဆိုရင် အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ လုံခြုံရေးကို မလေးမထားမှုနဲ့ လက်ရှိမှာ ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ Lee Si Young က ဇန်နဝါရီလ ၁ ရက်နေ့တုန်းက သူမရဲ့ လူမှုကွန်ရက်စာမျက်မှာပေါ်မှာ နှစ်သစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သားဖြစ်သူကို နောက်ကျောပေါ်တင်ပြီး Halla ရေခဲတောင်ပေါ် တက်နေတဲ့ ပုံလေး တင်ပေးခဲ့ပါတယ်။

Google
Google
Google
Google

Lee Si Young က အဆိုပါတောင်ကို သားဖြစ်သူနဲ့အတူ တက်ခဲ့တယ်လို့ ဖော်ပြထားပြီး အဓိပ္ပါယ်ရှိတဲ့ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ အပြင် Lee Si Young က ၂၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ သား ဖြစ်သူကို ကျောပေါ်တင်ပြီး တောင်တက်ခဲ့ရတာဖြစ်လို့ သူမရဲ့ အရပ်တောင် ၁ စင်တီမီတာလောက် ပုသွားတယ်လို့ ဆိုပါတယ်။ Lee Si Young က အနာဂတ်မှာ ဘယ်တော့မှ  သားဖြစ်သူကို နောက်ကျောပေါ်တင်ပြီး တောင်တက်မှာ မဟုတ်တော့ဘူးလို့လည်း ကတိပေးပြီး ရေးသားထားပါတယ်။

Google
Google

Lee Si Young က ဘေးကင်းစွာနဲ့ တောင်ပေါ်တက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပေမယ့် အင်တာနက် အသုံးပြုသူတွေက အဆိုပါ ဖြစ်ရပ်က လုံးဝ မလုပ်သင့်တဲ့ ဖြစ်ရပ်ကြီးဖြစ်ပြီး ကလေး အတွက် အန္တရယ် များလွန်းတယ်လို့ ဝေဖန်ထားကြပါတယ်။

Google
Google
Google
Google

အခုတစ်ခေါက်မှာ အန္တရာယ်ကင်းသွားပေမယ့် နောက်လူတွေ လိုက်လုပ်ကြရင် ကလေးက ကျောပေါ်ကနေ တောင်အောက်ကို ပြုတ်ကျသွားနိုင်တဲ့အထိ ဖြစ်သွား နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။

Google
Google
Google
Google

လက်ရှိမှာ တောင်ကိုရီးယားမင်းသမီး Lee Si Young ရဲ့ မဆင်မခြင်လုပ်ရပ်က လူမှုကွန်ရက်ပေါ်မှာ များစွာ ပြန့်နှံ့နေပြီး တရားစွဲဆိုတဲ့အထိ ခံရနိုင်ဖွယ်ရှိတယ်လို့ ပြောနေကြပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T