ကိုရီးယားရဲ့ တော်ဝင်မင်းသားလေးတစ်ပါးလို့ တင်စားတာခံနေရတဲ့ Cha Eun Woo...

//s9.kh1.co/31/3134c36d8e7f9856c074a14c8a05c5def64ca9e6.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ရုပ်ရည်နဲ့ပက်သတ်ရင် king ဖြစ်ကြောင်းကိုသက်သေပြခဲ့ပြီး...

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၃ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာကျင်းပတဲ့ the Dior SS’23 ဖက်ရှင်ပြပွဲကြီးကို ကမ္ဘာတစ်ဝှန်းက နာမည်ကြီးတွေအပါအဝင် ကိုရီးယားက kpop idols တွေတက်ရောက်ခဲ့ကြပါတယ်။ ပွဲတက်ခဲ့ကြတဲ့ Kpop idol တွေထဲမှာဆိုရင် Dior brand ရဲ့ ambassadors တွေဖြစ်ကြတဲ့ BlackPink Jisoo နဲ့ Astro အဖွဲ့က Cha Eun Woo တို့ကတော့ပွဲရဲ့ အာရုံစိုက်စရာဖြစ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=876,q=100/03/03e38051eb8519db47dbbb991af244ed134d58f6.jfif

ပွဲမှာတော့ Cha Eun Woo ဟာသူ့ရဲ့အောင်မြင်မှုနဲ့ သူဟာ ရုပ်ရည်နဲ့ပက်သတ်ရင် king ဖြစ်ကြောင်းကိုသက်သေပြခဲ့ပြီး သူ့ရဲ့ပွဲတက်မှုက ဖက်ရှင်မဂ္ဂဇင်းတော်တော်များများရဲ့ ခေါင်းကြီးပိုင်းတွေကို ဖုံးလွှမ်းနိုင်ခဲ့ပါတယ်။ ပွဲနဲ့ပက်သက်ပြီးတက်လာတဲ့ ဗီဒီယိုမှာတော့ Cha Eun Woo ပွဲတက်လာတာနဲ့ ပရိသတ်လူအုပ်ကြီးက အော်ဟစ်ကြိုဆိုအားပေးခဲ့ကြတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/19/198bcd7cfee292fb4a6a3097838b6df71ac12448.jpg

Cha Eun Woo ကိုတော့ Dior brand ရဲ့ 2022 collection ထုတ် “La Conversation” ကိုဝတ်ပြီးပွဲတက်လာတာတွေ့ရပြီး coat အရှည်နဲ့ အမဲဝမ်းဆက်နဲ့ပွဲတက်လာပုံက ကိုရီးယားတော်ဝင်တစ်ယောက်နဲ့ တူတယ်လို့တောင် တင်စားနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=965,q=100/fa/fa21a9b911eabeda0d201de8f90d70d14f9b8faa.jpeg

အခုဆိုရင်လည်း island ဒရမ်မာနဲ့အတူ Cha Eun Woo ဟာနာမည်ကြီးနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အကြီးအကျယ်ရရှိနေပါတယ်။ Cha Eun Woo ရဲ့ပရိသတ်တွေကတော့ ဘယ်လောက်တောင်ပျော်နေကြမလဲနော်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T