ခင်ပွန်းသည် လီဗြောင်ဟွန်း စိတ်ဆိုးအောင် စနောက်မိခဲ့တဲ့ ဇနီးသည် လီမင်ဂျောင်

//s9.kh1.co/2e/2e0a356091cc1ec64a2722269b787efaef9f06e4.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

လီမင်ဂျောင်ဟာ မကြာသေးခင်က လူမှုကွန်ရက်မှာ Video တင်ပြီး ခင်ပွန်းသည်စိတ်ဆိုးအောင်......

တောင်ကိုရီးယားနိုင်ငံရဲ့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးတစ်တွဲဖြစ်တဲ့ လီဗြောင်ဟွန်း နဲ့ လီမင်ဂျောင်တို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်ပြီး သားလေးတစ်ယောက်ပါထွန်းကားထားတာကြောင့် ပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ဇနီးသည် လီမင်ဂျောင်ဟာ တည်တည်တံ့တံ့နေလေ့ရှိတဲ့ လီဗြောင်ဟွန်းကို ခဏခဏစနောက်လေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/65/65146fcbfd22e4c2f67fe15532c081ce89c1166f.jpg

မကြာသေးခင်က လီမင်ဂျောင်ဟာ လီဗြောင်ဟွန်းစိတ်ဆိုးအောင် စနောက်ခဲ့ပါတယ်။သူမဟာ လူမှုကွန်ယက်မှာ ပို့စ်တစ်ခုတင်ခဲ့ပြီး “I’m playing a timing game with Lee Byung Hyun” ဆိုတဲ့ အစနဲ့ ဗွီဒီယိုကို စတင်ခဲ့ပြီး နောက်မှာ ကွမ်ဆန်ဝူးနဲ့ လီမင်ဂျောင်တို့  အိပ်ယာပေါ်မှာ ရှိနေတဲ့ရုပ်ရှင်အခန်းတစ်ခန်းမှာ လီဗြောင်ဟွန်းပေါ်လာပြီး  ` No ‘လို့အော်ခဲ့ပါတယ်။ထိုဗွီဒီယိုဟာ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ဗွီဒီယို ဖြစ်ပြီး ကြည့်ရသူတွေအတွက် ရီစရာ အလွန်ကောင်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=703,q=100/12/122e6002953c50ec76d0b720c32422ec1fac139b.jpg

ထို့အပြင် (၂၀၂၀) ခုနှစ်က ဒရာမာ “Once Again” မှာ လီမင်ဂျောင်နဲ့ ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ခဲ့တဲ့ လီဆန်းယွတ်ကို `` သူမရဲ့ ခင်ပွန်းဟောင်း”၊ လီဗြောင်ဟွန်းကို သူမရဲ့ “ခင်ပွန်းအစစ် ‘’ ဆိုပြီးတင်ကာ စနောက်ခဲ့ပါသေးတယ်။ပရိသတ်တွေက သူမစနောက်တာကို ခင်ပွန်းသည် လီဗြောင်ဟွန်း စိတ်ဆိုးမလား၊သဘောထားကြီးစွာ နားလည်ပေးမလား သိချင်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=680,q=100/68/68aa83b30a9ac8089fe9b8b0f793a490e6b9f54d.jpg
https://s9.kh1.co/__image/w=650,h=694,q=100/0f/0f736099f97a5b66af3d57416c163b8e0c2317e1.jpg

Photos: Credit

သတင်း အရင်းအမြစ် Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T