Park Shin Hye ရဲ့ယောကျာ်းအနေနဲ့မဟုတ်ဘဲကိုယ်တိုင် အရည်အချင်းရှိသူဖြစ်ကြောင်းပြခဲ့တဲ့ Choi Tae Joon

//s9.kh1.co/ca/ca61adb375e3e8d884cae0aad7be36bed27faf48.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

တကယ်တော်တာ ငိုလိုက်ရတာဆိုတာ ..

တောင်ကိုရီးယားမင်းသား Choi Tae Joon ဟာဆိုရင် Island ဇာတ်လမ်းတွဲမှာ ကြက်သီးထဖို့ကောင်းလွန်းလှတဲ့ သရုပ်ဆောင်ချက်တွေ ဆောင်ရွက်နိုင်ခဲ့တာ ကြောင့် ပရိသတ်တွေအားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။ Island ဇာတ်လမ်းထဲမှာ Choi Tae Joon က Cha Eun Woo ရဲ့ နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားတဲ့ အစ်ကိုကြီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ သူတို့ နှစ်ဦးစလုံးက အရမ်းချစ်ကြတဲ့ မိဘမဲ့တွေ ဖြစ်ကြပြီး ဘယ်တော့မှ ပြန်မဆုံ နိုင်တော့ဘူးလို့ ထင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

Google
Google

အချိန်အကြာကြီးနေမှ ညီအစ်ကို နှစ်ဦး ပြန်ဆုံတွေ့ခွင့်ရခဲ့ကြပေမယ့်လည်း ဆိုးရွားတဲ့ ကံကြမ္မာတွေကြောင့် သေကွဲကွဲခဲ့ရတဲ့ ဇာတ်ကောင်တွေနေရာကို Cha Eun Woo  ရော Choi Tae Joon ရော နှစ်ဦးစလုံးက အကောင်းဆုံး ပုံဖော်နိုင်ခဲ့ကြပါတယ်။

Google
Google
Google
Google
Google
Google

အဲဒီထဲကမှ မင်းသမီး Park Shin Hye ရဲ့ ခင်ပွန်းဖြစ်တဲ့ Choi Tae Joon ကလည်း ဇာတ်ကောင်နေရာကို အံ့အားသင့်သွားအောင် ပြည့်ပြည့်ဝဝ ပုံဖော်နိုင်ခဲ့ပါတယ်။ Choi Tae Joon က လူသားနဲ့ မကောင်းဆိုးဝါး ဇာတ်ကောင်နေရာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့ပြီး ကြည့်ရှုသူတွေကိုပါ မျက်ရည်ကျသွားစေတဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ Choi Tae Joon က ပညာ အရမ်း မပါတဲ့ ဇာတ်ကောင်နေရာတွေကိုသာ ရရှိခဲ့တဲ့သူဖြစ်တာကြောင့် အခုလိုမျိုး ပညာသားပါတဲ့ ဇာတ်ကောင်နေရာက သူ့ဘဝအတွက် မှတ်တိုင်တစ်ခုလိုမျိုး ဖြစ်ခဲ့ပါတယ်။

Google
Google

ပရိသတ်တွေတော်တော်များများက Choi Tae Joon ကို မင်းသမီး Park Shin Hye ရဲ့ ခင်ပွန်းလို့သာ သိထားကြပေမယ့် အခုတစ်ခေါက်မှာတော့ Choi Tae Joon ကိုယ်တိုင်အတွက် အာရုံစိုက်မှုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

Google
Google

Choi Tae Joon က ၂၀၂၁ ခုနှစ်တုန်းက Voice of a Murderer ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ Twenty-Five Twenty-One ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Google
Google
Google
Google

Choi Tae Joon ကို So I Married an Anti-fan ဇာတ်လမ်းထဲမှာလည်း ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ Choi Tae Joon က ပြီးခဲ့တဲ့ နှစ်တုန်းက နာမည်ကြီး မင်းသမီး Park Shin Hye နဲ့ လက်ထပ်ခဲ့ပြီး သားဦးလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T