မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့ နှစ်ယောက် ကွာရှင်းပြတ်စဲပြီး လေးနှစ်နီးပါးကြာပြီးနောက်မှာတော့ သူတို့နှစ်ယောက်က ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကိုယ်ပိုင်ဘဝတွေမှာ ဆက်လက်လျှောက်လှမ်းလို့ နေကြပါပြီ။

ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိထားတဲ့ “Wedding of the Century” မှာ Song Hye Kyo နဲ့ Song Joong Ki တို့ရဲ့အိမ်ထောင်ရေးဟာ အားလုံးအံ့အားသင့်စေခဲ့ပါတယ်။ ကွာရှင်းပြတ်စဲပြီးနောက် ဇနီးမောင်နှံနှစ်ဦးက ပိုင်ဆိုင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ဖြစ်ခြင်းလည်း မရှိတော့သလို့ အချင်းချင်းလည်း စကားမပြောကြတော့ပေ။ ၄ နှစ်ကြာပြီးနောက်မှာတော့ သူတို့ နှစ်ယောက်လုံးက အနုပညာပိုင်းမှာပဲ ပိုပြီး အာရုံစိုက်နေကြပါတယ်။

Song Hye Kyo ကတော့ ကိုရီးယားနိုင်ငံရဲ့ "ရိုမန်းတစ်ဒရမ်မာဘုရင်မ" လို့ လူသိများသလို Jun Ji Hyun နဲ့ Kim Tae Hee တို့လိုပဲ Hye Kyo က ခေတ်အဆက်ဆက်အောင်မြင်နေသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Song Hye Kyo က Kim Eun Sook ရေးခဲ့တဲ့ “The Glory” မှာ ပါဝင်သရုပ်ဆောင်နေပြီး အဆိုပါ Drama ကလည်း rating အမြင့်ဆုံးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲက Netflix မှာ နိုင်ငံပေါင်း 62 နိုင်ငံရှိ ထိပ်တန်းတီဗီစီးရီး 10 ခုမှာ အပတ်စဉ်ကြည့်ရှုမှု 82.48 သန်းကို ရောက်ရှိနေပါပြီ။ Season 2 မှာလည်း ပိုမိုအောင်မြင်မှုတွေ ရမယ်လို့ မျှော်လင့်နေကြပါတယ်။

Song Joong Ki ဟာ လမ်းခွဲပြီးနောက် သူ့ရဲ့ အနုပညာအလုပ်တွေကို ပိုပြီးအာရုံစိုက်ခဲ့ပါတယ်။ သူက "Arthdal Chronicles" "Space Sweepers" "Vincenzo" နဲ့ နောက်ဆုံးထွက်ရှိတဲ့ "Reborn Rich" မှာ ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ပိုပြီးပြီပြင်လာတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုမိုရရှိခဲ့ပါတယ်။ “Reborn Rich” က ထုတ်လွှင့်ပြီးနောက်ပိုင်းလည်း Rating 26.9% နဲ့ ထိပ်ဆုံးကို ရောက်သည်ထိ အောင်မြင်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ Cable System မှာလည်း လူကြည့်အများဆုံး TV Series အဖြစ် “The World of the Married” ပြီးနောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Song Joong Ki က မင်းသမီးဟောင်း Katy Louise Saunders တို့တွဲနေကြောင်း အတည်ပြုခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်နှစ်ကျော်ကြာ လက်တွဲလာခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အသိမိတ်တွေက နေတဆင့် ချစ်သူတွေ ဖြစ်လာခဲ့ကြတာပါ။ Joong Ki ရဲ့ အင်္ဂလိပ်စာ စကားကလည်း သူ့ချစ်သူ ကောင်မလေးကြောင့် သိသိသာသာတိုးတက်လာခဲ့ကြောင်း ကိုရီးယားသတင်းတွေကဖော်ပြခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ KBIZoom





