မင်းသား Cha Eun Woo နဲ့ မင်းသမီး Han So Hee တို့ဟာ ကြေညာတစ်ခုကိုအတူရိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့က Cha Eun Woo နဲ့ Han So Hee တို့ဟာ 'Giordano International ' (ဂျော်ဒန်းနိုး) အတွက် ကြေညာအတူရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့စုံတွဲပုံတွေကိုတော့ မကြာခင်မှာ ဆိုးလ်၊ ဂန်နမ်လိုမြို့ကြီးတွေမှာရှိတဲ့ Billboard ကြီးတွေပေါ်မှာတွေ့မြင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Han Soo Hee နဲ့ Cha Eun Woo တို့အတူရိုက်ကူးထားတဲ့ ကြေညာကို TV မှာလည်းထုတ်လွှင့်သွားဦးမှာဖြစ်တယ်လို့ Giordano ဘက်ကကြေညာထားပါတယ်။ Cha Eun Woo နဲ့ Han Soo Hee တို့နှစ်ဦးဟာဆိုရင်တော့ အရင်ကလည်း Kakao ရဲ့ webtoon 'The Villainess Is A Marionette' မှာအတူသရုပ်ဆောင်ခဲ့ကြဖူးပါတယ်။


ပရိသတ်တွေကတော့ သူတို့နှစ်ဦးကို ကြေညာတွေ Promotion video တွေမှာတင်မဟုတ်ပဲ ဒရမ်မာမှာလည်း အတူတွဲပြီး မြင်ရဖို့ မျှော်လင့်နေကြပါတယ်။
Photos- credit