Davika မဟုတ်တဲ့ ထိုင်းအနုပညာရှင်တွေထဲက အချစ်ဆုံးမင်းသမီးတစ်ယောက်ကို ပြောပြခဲ့တဲ့ Baifern

//s9.kh1.co/37/37afeb3a55cab533fb40e9b5e3b6d5c1b59a120a.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Fern က အခွင့်သာရှိမယ်ဆိုရင် သူနဲ့အတူ ရုပ်ရှင်တူတူရိုက်ချင်ပါတယ်တဲ့.. သူ့ကို Main Actress ထားပြီး Fern ကို ဗီလိန် နေရာကနေတောင် သရုပ်ဆောင်ခိုင်းရင်တောင် ….

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Baifen ကတော့ ဝင်ငွေအများဆုံး မင်းသမီးတစ်ယောက်ဖြစ်သလို ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ သူလေးလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ် သွယ်သွယ်လျလျလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သူမကို ပရိသတ်တွေက အသေးလေးလို့လည်း ချစ်စနိုးခေါ်ကြပါသေးတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/80/806333d0448df878055ea886add0420513e1b70e.jpg
https://s9.kh1.co/__image/w=460,h=575,q=100/0b/0bb430a4ac02ea78994f097c58a4cfa157e543c6.jpg

မြန်မာပရိသတ်တွေနဲ့တော့ “Crazy Little Thing Called Love” ဆိုတဲ့ အချစ်ဇာတ်လမ်းနဲ့ စတင် ရင်းနှီးခဲ့သူလေး ဖြစ်ပါတယ်။ Fern က Davika နဲ့ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ခင်ရင်းနှီးကြခဲ့တာဖြစ်ပြီး သွားတူ လာအတူ နဲ့ တပူးပူး တတွဲတွဲဖြစ်ခဲ့ကြတာပါ။ လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ယောက်က ဝေးကွာသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=800,q=100/7e/7ee785b668b2bcdc209b691b425653318b32623e.jpg
https://s9.kh1.co/__image/w=640,h=640,q=100/94/949653f7e2528f62b208737efd612744d10cbbc6.jpg

အခုလက်ရှိမှာတော့ Baifern က ထိုင်းမင်းသမီးလေး Yaya Urassaya ကို ချစ်ခင်သဘောကျကြောင်း show တစ်ခုမှာပြောပြခဲ့ပါတယ်။ အခွင့်သာရှိမယ်ဆိုရင် သူနဲ့အတူ ရုပ်ရှင်တူတူရိုက်ချင်တယ်လို့ပါ ပြောသွားခဲ့ပါတယ်။ MC က “တကယ်လို့ Fern က YaYa နဲ့တော့ တွဲရိုက်ရပါရဲ့ Yaya က Main Actress ဖြစ်ပြီး Fern က ဗီလိန် နေရာကနေ ကမ်းလှမ်းခံရမယ်ဆိုရင်ရော အဆင်ပြေလားလို့” မေးမြန်းခဲ့ပါတယ်။ Baifern က တော့ ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=805,q=100/9d/9ded293525b5ec7eb12698713bb0e91fcaa10b52.jpg
https://s9.kh1.co/__image/w=650,h=736,q=100/b3/b3b1a4d2b2ae4feddc75bf3a0e3da39c79c7d72d.jpg

သတင်း အရင်းအမြစ် Popular

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T