2023 မှာ Mark Prin နဲ့ နှစ်ယောက်တူတူလုပ်မယ့် အစီအစဉ်တွေကို ပြောပြခဲ့တဲ့ Kimmy

//s9.kh1.co/6f/6f1003f5944c52a21e397d0c4e2a0050037e29e2.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျွန်မရဲ့ အနာဂတ် သတို့သားလောင်းလေး P Prin ဘေးမှာ တစ်ချိန်အတူတူရှိမယ်လို့ တွေးလိုက်တာနဲ့တင် ... နှစ်ယောက်နေမယ့် အိမ်ကိုပြီးအောင်ဆောက်ပြီး မင်္ဂလာဆောင်ကိုလည်း ….

(၉)နှစ်ကျော်ကြာ တွဲလာတဲ့ ထိုင်းစုံတွဲလေးဖြစ်တဲ့ မင်းသား ချော "Mak Prin" နဲ့ မင်းသမီး Kimberly တို့ရဲ့ အချစ်ရေး က အံ့အားသင့်စရာကောင်းလောက်အောင်ကို နိုင်ငံတကာက ပရိသတ်တွေပါ အားကျရတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ P Prin ကလည်း Kimmy လေးကို ကျန်ခဲ့တဲ့ April လကပဲ ဆွစ်ဇာလန်ထိ သွားပြီး လက်ထပ်ခဲ့တောင်းခဲ့ပါတယ်။  

https://s9.kh1.co/__image/w=488,h=326,q=100/b3/b32a99ad86c3a38f81ed12997057c33652804e55.png
https://s9.kh1.co/__image/w=494,h=532,q=100/22/22439dad27b581b910bc67aea198a6c6981fc62f.png

သူတို့နှစ်ယောက်ဘယ်တော့များလက်တွဲကြမလဲဆိုပြီး ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။ MK အတွဲလေးက လက်ရှိမှာလည်း ပြင်ဆင်မှုတွေတော့ ပြုလုပ်နေကြပါတယ်။ လက်ထပ်ပြီးရင် တူတူနေမယ့် အိမ်ကို စိတ်တိုင်းကျ ပြင်ဆင်ခြယ်သဆောက်လုပ်နေကြပါတယ်။ အိမ်ကလည်း ပြီးလုနီးပါးဖြစ်နေတာကြောင့် သူတို့နှစ်ယောက် အားတဲ့အချိန်တိုင်း သွားကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=542,q=100/4b/4bebc3641f6e749935114ec9ae0b3455896da599.png

မင်္ဂလာဆောင်နဲ့ ပတ်သက်ပြီးလည်း Fan တွေက မေးကြတဲ့အခါ “ အလုပ်ကိစ္စတွေရော အိမ်ဆောက်တာရော ပြီးသွားရင်တော့ အားလုံးမျှော်လင့်သလိုဖြစ်လာမှာပါ။” P Prin နဲ့ တူတူရိုက်ထားတဲ့ ပုံလေးနဲ့အတူ “အခုလိုချောမောလှပပြီး ချစ်ဖို့ကောင်းတဲ့ ကျွန်မရဲ့ အနာဂတ် သတို့သားလောင်းလေး P Prin ဘေးမှာ တစ်ချိန်အတူတူရှိမယ်လို့ တွေးလိုက်တာနဲ့တင် အရမ်းကိုကြည်နူးစရာကောင်းနေပါပြီလို့” စကားလုံးတွေနဲ့လည်း ချုပ်ခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/c3/c30674c97b630a53d757e9eb1d22cf2fb96b90bc.png
https://s9.kh1.co/__image/w=650,h=793,q=100/1c/1caaad0ebf4227bb91ae77865efcdd0bb4f60519.jpg
https://s9.kh1.co/__image/w=650,h=813,q=100/72/7281fb94654c257130e80214edb0cd49613085f7.jpg

သတင်း အရင်းအမြစ် popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T