လတ်တလောမှာ နာမည်ကျော်တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင်ဖြစ်တဲ့ ရိန်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဓာတ်ပုံတစ်ပုံက ပရိသတ်ကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဆိုပါဓာတ်ပုံကို ရိန်းနဲ့ သူ့ရဲ့ စင်တင်မင်းသမီးလေး Oh Ye Joo တို့က အတူတူတွဲပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ နှစ်ယောက်သားကရင်းရင်းနှီးနှီး ဖက်ပြီး ရိုက်ထားတဲ့အတွက်လည်း ပရိသတ်တွေက ရိန်းရဲ့ ဇနီးဖြစ်သူ ကင်တေဟီးကို စိတ်မကောင်းဖြစ်နေပါတယ်။

အဆိုပါ ဓာတ်ပုံကို ဇန်နဝါရီလ ၁၃ ရက်နေ့တုန်းက ရိန်းက Oh Ye Joo ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်မှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တင်ပြီး သိပ်မကြာခင်မှာပဲ ဝေဖန်မှုတွေကြောင့် ပြန်ဖျက်ခဲ့တယ်လို့ သိရပါတယ်။

Oh Ye Joo က ရိန်းရဲ့ ကုမ္မဏီကပွဲထုတ်ပေးထားတဲ့ စင်တင်မင်းသမီးလေးဖြစ်ပြီး အောက်တိုဘာလ ၂၀၂၀ ခုနှစ်က ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။

Oh Ye Joo က မကြာသေးမီကလည်း Under the Queen’s Umbrella ဇာတ်လမ်းတွဲမှာ မျက်နှာသစ် သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ရိန်းက Oh Ye Joo ကို အပြည့်အစုံ ထောက်ပံ့ပေးတဲ့သူဖြစ်ပြီး ကုမ္မဏီ စီအီးအိုတစ်ယောက်လို မြေတောင်မြှောက်ပေးတာထက် လုပ်ဖော်ကိုင်ဖက်လိုမျိုး မြေတောင်မြှောက်ပေးတဲ့ နည်းလမ်းကိုကျင့်သုံးနေတာဖြစ်ပါတယ်။



ပရိသတ်တွေကတော့ ရိန်းအနေနဲ့ ဇနီးဖြစ်သူ ကင်တေဟီးနဲ့ တွဲပြီး ဓာတ်ပုံလေးတစ်ပုံတောင် မတင်ပေမယ့် အခုလိုမျိုး အခြားမိန်းကလေးတစ်ယောက်ကို ဖက်ပြီး အရေးပေးနေတာကြောင့် များစွာ စိတ်မကောင်း ဖြစ်နေကြပါတယ်။
