ကိုလံဘီယာနာမည်ကြီး အဆိုတော် ရှာကီရာ သီဆိုထားတဲ့ သီချင်းဟာ You Tube မှာ လူကြည့်များနေကြောင်း သိရပါတယ်။ထိုသီချင်းဟာ သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ စပိန်ဘောလုံးသမား ပီကေးကို ရည်ရွယ်ပြီး သီဆိုထားတဲ့ သီချင်းဖြစ်တာကြောင့် အခုလို ပရိသတ်စိတ်ဝင်စားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ပီကေးနဲ့ ရှာကီရာတို့ဟာ နှစ်ပေါင်းများစွာ တွဲခဲ့ကြပြီး သားသမီးတွေပါ ထွန်းကားခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်က ပီကေးဟာ အသက် (၂၃) နှစ်အရွယ် ကောင်မလေးနဲ့ အသစ်တွေ့ခဲ့ပြီး ပရိသတ်တွေရှေ့မှာ ပေါ်တင်တွဲခဲ့တာ ဖြစ်ပါတယ်။ပီကေးဟာ သူ့ရဲ့လုပ်ရပ်ကြောင့် ရှာကီရာ ရဲ့အမုန်းကို ခံရရုံသာမကပဲ စာရိတ္တပိုင်း ဖောက်ဖျက်တဲ့အတွက် လူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခြင်းကို ခံခဲ့ရပါတယ်။

ရှာကီရာ ရဲ့ သီချင်းသစ်ထဲမှာ ပီကေးကို ရည်ရွယ်ထားတဲ့ စာသားတွေဖြစ်တဲ့ ` မင်းရဲ့စိတ်တွေ ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် gym ကို အကြိမ်ကြိမ် သွားသင့်တယ် ၊ မင်းငိုပြီး တောင်းပန်ရင်တောင် ငါ့ကို ပြန်မရဘူး ‘ ဆိုတဲ့ သီချင်းစာသားတွေကို ပရိသတ်တွေက အထူးကြိုက်နှစ်သက်ခဲ့ကြပြီး ကြည့်ရှုမှုအားကောင်းခဲ့တာ ဖြစ်ပါတယ်။


Photos:Credit
သတင်း အရင်းအမြစ်៖ Google