ရည်းစားဟောင်းတွေက လက်တွဲဖော်တွေနဲ့ ဖြစ်နေပေမယ့် အချစ်ရေးမှာ ခုထိကံခေ‌နေသေးတဲ့ ဆောင်းဟေကို

//s9.kh1.co/49/49211a4806c3965d866cd1d6974f8ca1e4c81742.jpg
အနုပညာရှင်များ

 ၁၅-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ရည်းစားဟောင်းတွေ လက်တွဲဖော်တွေနဲ့ ဖြစ်နေပေမယ့် အချစ်ရေးမှာ ကံခေ‌နေသေးတဲ့ ဆောင်းဟေကို

တောင်ကိုရီးယားနိုင်ငံနဲ့ နာမည်ကျော်မင်းသမီးဖြစ်တဲ့ ဆောင်းဟေကို ဟာ သူမရဲ့ သရုပ်ဆောင်ကောင်းမှု၊လှပတဲ့ ရုပ်ရည်ကြောင့် တစ်ကမ္ဘာလုံးကပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမဟာ လူတိုင်းတောင့်တတဲ့ ဘဝမျိုးပိုင်ဆိုင်ထားပေမယ့် အခုချိန်အထိ အချစ်ရေးမှာ ကံမကောင်းတဲ့သူ အဖြစ်ရှိနေဆဲပဲဖြစ်ပါတယ်။အခုအချိန်မှာ သူမရဲ့ရည်းစား‌ဟောင်း သုံးယောက်ဖြစ်တဲ့ ဆောင်းဂျွန်ကီ၊ ဟျွန်ဘင်း နဲ့ လီဗြောင်ဟွန်းတို့ဟာ ကိုယ်ပိုင်အချစ်သစ်တွေနဲ့ ရှိနေပေမယ့် သူမကတော့ အခုထိတစ်ယောက်တည်းပဲ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

ဆောင်းဂျွန်ကီ

https://s9.kh1.co/__image/w=650,h=367,q=100/42/42cfdfb2504ae0727f15ac4e90059d1807f9faaf.jpg

ဆောင်းဟေကိုဟာ ဆောင်းဂျွန်ကီနဲ့ (၂၀၁၇) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး (၂) နှစ်နီးပါးကြာပြီးနောက် ကွာရှင်းခဲ့ပါတယ်။Descendants of the sun ဇာတ်လမ်းတွဲမှာ ပရိသတ်တွေသဘောကျခဲ့ကြတဲ့ အတွဲဖြစ်ခဲ့ပြီး အားလုံးချစ်ခင်ကြတာကြောင့် အခုလိုဖြစ်သွားတဲ့အပေါ် ပရိသတ်တွေအနေနဲ့ စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=784,q=100/e5/e50f82433edcbbd2e7d2756652d74e4e77b491f8.png

ကွာရှင်းပြီး (၃) နှစ်အကြာမှာ ဆောင်းဂျွန်ကီဟာ ဗြိတိန်မင်းသမီး Katy Louise Saunders နဲ့ လူသိရှင်တွဲနေကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဟျွန်းဘင်း

https://s9.kh1.co/__image/w=650,h=466,q=100/05/05fbd2f9d84f0917d0b716e8fa834e7af598371c.webp

“Worlds Within” မှာအတူပါဝင်ပြီးနောက် ဆောင်းဟေကို နဲ့ ဟျွန်းဘင်း တို့ဟာ (၂၀၀၉) ခုနှစ်မှာ လူသိရှင်ကြား ချိန်းတွေ့ခဲ့ပြီး သူတို့ဟာ (၂၀၁၁) ခုနှစ်အစမှာ လမ်းခွဲကြောင်း ကြေငြာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/cf/cfe8452576368738d83864ea197afa32ed01737f.jpg

ဟျွန်ဘင်းဟာ ကန်ဆိုရာ နဲ့ ခဏတာ တွဲခဲ့ပြီး နောက်ဆုံးမှာ ဆွန်ရီဂျင်းနဲ့ လက်ထပ်ခဲ့ပါတယ်။အခုအချိန်မှာ သူတို့နှစ်ယောက်ဟာ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

လီဗြောင်ဟွန်း

https://s9.kh1.co/__image/w=650,h=910,q=100/40/40d9f384ea23b056104abc52eab5612accbafeaa.webp

ဆောင်းဟေကို နဲ့ လီဗြောင်ဟွန်း တို့ဟာ “All In” ဇာတ်ကားမှာ ပါဝင်ခဲ့ပြီး စုံတွဲတွေ ဖြစ်လာခဲ့ပါတယ်။တွဲနေတဲ့အချိန်အတွင်းမှာ ပွဲတက်တဲ့အခါ အတူတူမကြာခဏဆိုသလို တက်ခဲ့ပြီး ပရိသတ်တွေကလည်း သဘောကျခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/16/1642e615ce952a431461a7476b36531254f7ac61.webp

ကံမကောင်းစွာနဲ့ပဲ သူတို့စုံတွဲရဲ့ အချစ်ဇာတ်လမ်းဟာ (၁) နှစ်ကျော်သာ ကြာမြင့်ခဲ့ပါတယ်။လီဗြောင်ဟွန်းဟာ (၂၀၁၂) ခုနှစ်မှာ မင်းသမီး လီမင်ဂျောင် နဲ့ လူသိရှင်ကြား ချိန်းတွေ့ပြီး (၂၀၁၃) ခုနှစ်မှာတော့ လက်ထပ်ခဲ့ပါတယ်။ လီဗြောင်ဟွန်းဟာလည်း အခုချိန်မှာ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တာဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T