တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ မင်းသား Song joong Ki နဲ့ အဆိုတော် IU တို့ဟာ မကြာခင်မှာ အိမ်နီးနားချင်းတွေ ဖြစ်ကြတော့မယ်လို့ သိရပါတယ်။ IU ဟာ Cheongdam မှာ ဝမ် ၁၅ ဘီလီယံတန်တဲ့ ဗီလာတစ်ခုကို ဝယ်ယူခဲ့ပါတယ်။

IU နှင့် Song Joong Ki တို့ဟာ ယခုနှစ် ဒီဇင်ဘာလမှာ အပြီးသတ်မယ့် Cheongdam-dong မှာရှိတဲ့ ဇိမ်ခံအိမ်တွေကို အသီးသီးဝယ်ယူခဲ့ကြပါတယ်။ဗီလာတစ်ခုမှာ အဆောက်အအုံတစ်ခုဟာ (၁၉) ထပ် နဲ့ ကျယ်ဝန်းတဲ့ဧရိယာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။IU ဟာ ထိုဇိမ်ခံအိမ်ကြီးကို ငွေအကုန်ချေပြီး ဝယ်ယူခဲ့ပြီးပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ IU ဟာ Han မြစ်ရဲ့ ရှုခင်းတွေကြောင့် ကျော်ကြားတဲ့ (၅၆) ထပ်ပါတဲ့ Raemian Celitus၊ Yongsan-gu မှာ နေထိုင်လျက်ရှိပြီး အိမ်ရှာရတဲ့ အကြောင်းရင်းကတော့ သူ့မိသားစုအနားယူဖို့ လို့သိရပါတယ်။ ယခင်ကလည်း IU ဟာ Yangpyeong-gun ၊ Gyeonggi-do မှာ နှစ်ထပ်အိမ်တစ်လုံးကို ဝမ် ၃ ဘီလီယံနဲ့ မိသားစုအတွက် ဝယ်ပေးဖူးပါတယ်။

IU နဲ့ Song Joong Ki တို့ဟာ အနုပညာမောင်နှမတွေ ဖြစ်တာကြောင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိကြပြီး အခုအချိန်မှာတော့ သူတို့ဟာ အိမ်နီးနားချင်းတွေ ဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ သိပ်မကြာခင်ကမှ ရည်းစားအသစ်တွေကို ချပြပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ကြတာ ဖြစ်ပါတယ်။

Photos:Credit
သတင်း အရင်းအမြစ်៖ Kbizoom





