တစ်ခေတ်တစ်ခါက ကြော်ငြာသီချင်းများ ၊ တေးသီချင်းဗီဒီယိုများ နှင့် ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်အဖြစ် ပီပြင်စွာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူကတော့ မင်းသမီး စမိုင်းလ်ပါပဲ။

မင်းသမီး စမိုင်းလ် ဟာ လက်ရှိမှာတော့ အိမ်ထောင်ကျနေပြီဖြစ်ပြီး အနုပညာလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားခဲ့တာဆိုရင် အတော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူမ ဟာ သူမအမျိုးသား ၊ သူမ ရဲ့ သမီး နှစ်ယောက် နဲ့ အတူ ဘဝကို ချမ်းသာ ပျော်ရွှင်စွာ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။


အရမ်းကို ချမ်းသာလွန်းတဲ့ စမိုင်းလ် ဟာ သူမရဲ့ သမီးအကြီးဖြစ်သူ ပေါ်ရှာမောင် ရဲ့ (၁၈) နှစ်ပြည့်မွေးနေ့အတွက် Tesla ရဲ့ နောက်ဆုံးပေါ်ကားကြီးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါကား ဟာ ဒေါ်လာ (၄၆၉၉၀) တန်ဖိုးရှိပြီး မြန်မာငွေနဲ့ ပြန်လည်တွက်ကြည့်ရင် သိန်း (၁၂၀၀) နီးပါးတန်ဖိုးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။




