ကိုရီးယားရဲ့ နာမည်ကြီး မင်းသမီးတွေဟာဆိုရင် များသောအားဖြင့် သူတို့ရဲ့ဘဝကို အသက် ၄၀ ကျော်မှ စကြလေ့ရှိပါတယ်။ အသက် ၃၀ နှောင်းပိုင်းပိုင်း အိမ်ထောင်ပြုကြလေ့ရှိပေမယ့် ၄၀ ကျော်မှ ကလေးမွေးကြတဲ့ အနုပညာရှင်တွေလည်း ရှိကြပါတယ်။ ကိုရီးယားရဲ့ အနုပညာလောကမှာတော့ ၄၀ ကျော်မှမိခင်ဖြစ်ရတာကောင်းတယ် လို့လည်းပြောကြပါတယ်။

အခုဖော်ပြပေးချင်တာကတော့ အသက် 40 ကျော်မှ ကိုယ်ဝန်ရပြီး ကလေးမွေးကြတဲ့ နာမည်ကြီးကိုရီးယား မင်းသမီးတွေဖြစ်ပါတယ်။
1. Son Ye Jin

မနှစ်ကမှ ဟွန်ဘင်းနဲ့ လက်ထပ်ခဲ့တဲ့ ဆိုရီဂျင်းဟာဆိုရင် သူ့အသက် 41 မှာပဲ ကလေးလေးမွေးဖွားခဲ့ပါတယ်။ လက်ထပ်ပြီးပြီးချင်း 3 လမှာပဲ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာပဲ သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ သားလေးမွေးပြီးတဲ့နောက်မှာတော့ ဆိုရီဂျင်းဟာ သူ့ဘဝအတွက်အထူးခြားဆုံးနှစ်ဖြစ်ကြောင်း ကိုပြောခဲ့ပြီး သူ့သားတွေအတွက် အရမ်းဝမ်းသာနေကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။
2. Choi Ji Woo

Choi Ji Woo ဟာ 2018 ခုနှစ်ကသူ့ထက် 9 နှစ်လောက်ငယ်တဲ့ စီးပွားရေးသမားလေးနဲ့ အိမ်ထောင်ပြုခဲ့ပြီး သူ့အသက် 46 နှစ်မှာ သမီးလေးမွေးဖွားခဲ့ပါတယ်။ Choi Ji Woo ဟာ သူ့ရဲ့သမီးလေးပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီး ချစ်စရာကောင်းတဲ့သူ့ရဲ့သမီးလေးနဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေရဲ့ အချစ်တွေရရှိခဲ့ပါတယ်။
3. Yoon Seung Ah

2015 ခုနှစ်မှာသူ့ထက်တစ်နှစ်ငယ်တဲ့ ကောင်လေးနဲ့ လက်ထပ်ခဲ့တဲ့ Yoon Seung Ah ဟာ လက်ထပ်ပြီး 7 နှစ်အကြာမှာ ကိုယ်ဝန်ရရှိနေကြောင်းကြေညာခဲ့ကာ ပုံတွေလည်းတင်ခဲ့ပါတယ်။ သူကတော့ အခုနှစ် ဇွန်လရောက်မှသာ ကလေးလေးကိုဖွားမြင်မှာဖြစ်တယ် လို့သိရပါတယ်။
Photos- credit