မြန်မာပရိသတ်တွေကြား ချိုဝမ်ဆိုတဲ့ဇာတ်ကောင်နဲ့ နာမည်ကြီးတဲ့ မင်းသမီးကြီး Lee Da Hae ရဲ့အရင်တုန်းကပုံတွေဟာ အာရုံစိုက်မှုကိုရရှိနေပါတယ်။ Lee Da Hae ဟာဆိုရင် အခုနှစ်မှာ အသက် ၄၀ ပြည့်တော့မှာဖြစ်ပြီး သူပွဲဦးထွက်တာဟာ အခုနှစ်ဆို ၁၁ နှစ်ရှိပြီဖြစ်ပါတယ်။ "My Girl", "The Slave Hunter" နဲ့ "Hotel King" တို့လိုနာမည်ကြီး ဒရမ်မာတွေမှာ ပါဝင်ခဲ့ဖူးတဲ့ Lee Da Hae ဟာ ၂၀၁၈ ခုနှစ် "The Gold Witch" မှာပါဝင်ပြီးကတည်းက အခုထိ TV မှာထပ်ပြီးပေါ်မလာတော့ပါဘူး။

ဒါ့အပြင် Lee Da Hae ဟာ သူ့ရဲ့လှုပ်ရှားမှုနဲ့ နေ့စဉ်ဘဝတွေကို လူတွေကိုအသိပေးလေ့မရှိပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ se7en နဲ့ ဒိတ်နေတာကိုတော့ လူတွေကိုအသိပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့အတိတ်ကပုံတွေဟာ နာမည်ကြီးနေပြီး "မမှတ်မိတော့လောက်အောင် ရုပ်ပြောင်းသွားသောမင်းသမီး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတွေလုပ်နေကြတာဖြစ်ပါတယ်။

အတိတ်က သူပွဲထွက်ကာစက ပုံတွေမှာတော့ သူ့အနေနဲ့ ရုပ်တစ်မျိုးပိုင်ဆိုင်ထားပြီး အခုမှာတော့ ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့ ရုပ်ကတစ်မျိုးဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ ချိုဝမ်တို့လို ဇာတ်ကားရိုက်ကူးတုန်းကဆိုရင် သူ့ပုံစံဟာ မပြုပြင်ရသေးပဲ အခုမှာတော့ လုံးဝိုင်းတဲ့မျက်လုံးတွေ သေးငယ်ပြီးလှပတဲ့မျက်နှာကြောင့် ပရိသတ်တွေကြားမှာ မမှတ်မိတော့လောက်အောင် ပြောင်းလဲသွားတယ်လို့ ပြောနေကြတာပဲဖြစ်ပါတယ်။


ပရိသတ်တွေကတော့ သူ့ကို TV ဖန်သားပြင်ပေါ်မှာပြန်ပြီး မြင်ချင်နေကြပါတယ်။
Photos-credit