လီဗြောင်ဟွန်းနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ ခံစားချက်ကို ပြောပြခဲ့တဲ့ မင်းသမီးကြီး ကင်ဟေးဂျာ

//s9.kh1.co/7d/7daf17068a4a6ee2d86a17d567076bb8763c374c.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ကင်‌‌ဟေးဂျာနဲ့ လီဗြောင်ဟွန်းတို့ဟာ `` Our Blues " မှာ သားအမိအဖြစ် တွဲဖက်သရုပ်ဆောင်ခဲ့ပြီး....

တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ကင်‌ဟေးဂျာဟာ လီဗြောင်ဟွန်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရတဲ့ ခံစားချက်ကို ပြောပြခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်ကောင်းမွန်မှုကို ချီးကျူးခဲ့ပါတယ်။ ကင်ဟေးဂျာ နဲ့ လီဗြောင်ဟွန်းတို့ဟာ `` Our Blues ‘’ မှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး လီဗြောင်ဟွန်းဟာ သူနဲ့ အကောင်းဆုံး လက်တွဲညီခဲ့ကြောင်း ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=946,q=100/0a/0a1c68a0371d71115d0cf4f325105fe84f590fc5.webp

အသက် (၆၁) နှစ်ရှိနေပြီဖြစ်တဲ့ မင်းသမီးကြီး ကင်ဟေးဂျာဟာ  tvN ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့  “You Quiz on the Block” အစီအစဉ်မှာ ပါဝင်ခဲ့ကာ  tvN ရဲ့ ဒရာမာ “Our Blues” ရဲ့ ရိုက်ကူးမှုကို ပြန်လည်ကြည့်ရှုခဲ့ပြီး မနှစ်က အရမ်းသဘောကျခဲ့တဲ့ ဇာတ်ကားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဒီဇာတ်ကားမှာ ကင်‌ဟေးဂျာဟာ လီဗြောင်ဟွန်းရဲ့ မိခင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး “Our Blues” ရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ ကင်‌ဟေးဂျာ သေဆုံးတဲ့ အခန်းမှာ လီဗြောင်ဟွန်းဟာ ကင်ဟေးဂျာသေဆုံးချိန်မှာ အပြင်းအထန်ငိုကြွေးပြီး သူရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=520,h=291,q=100/44/44795b95c43d17094019b72b9db608ab960d6aea.jpg

ကင်‌ဟေးဂျာ က “သူက ငါ့မျက်နှာကို ပွတ်ပြီး ငါ့အနားကပ်ငိုတယ်၊ ဆံပင်တွေ စိုနေတဲ့အထိ သူငိုတယ်၊ မျက်ရည်တွေ ထွက်လာမှာကိုစိုးလို့ သွားကိုကိုက်ပြီး အတတ်နိုင်ဆုံး ထိန်းသေးတယ်၊ လီဗြောင်ဟွန်းက ဘာမှပြန်မပြောဘဲ အလုပ်ထဲမှာပဲ သူ့ရဲ့စိတ်ကို နှစ်မြှုပ်လိုက်တယ်၊ ကျွန်မ သူနဲ့ ပထမဆုံး အလုပ်တွဲလုပ်ပေမယ့် တကယ်ကို အရမ်းအဆင်ပြေပါတယ် သူက သရုပ်ဆောင်ကောင်းတစ်ယောက်ပါ ‘’ လို့ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/40/4082cd5d1352a651aab7f456cd2d698ac03791cd.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7f/7f5fcd70fdf9c5a5cafbe0d149511eef3038c56e.jpg

Photos:Credit

သတင်း အရင်းအမြစ် Kbizoom

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T