ဘောလိဝုဒ် လောကရဲ့ ကြေးအမြင့်ဆုံး မင်းသား လို့ သတ်မှတ်ခံထားရသူ ၊ အနုပညာပိုင်းမှာ အထူးကျွမ်းကျင်ပြီး ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကားတိုင်းမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ၊ ခန့်ညားတည်ကြည်မှုတွေနဲ့ပြည့်စုံသူ ဘောလိဝုဒ် ကြယ်ပွင့်လို့ဆိုလာရင်တော့ အားလုံးသိကြတဲ့ ရှာရွတ်ခမ်း ကိုပဲ ဖော်ပြရမှာဖြစ်ပါတယ်။

ရှာရွတ်ခမ်း ရဲ့ ယခု (၂၀၂၃) ခုနှစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးသော နိုင်ငံကျော် မင်းသားများ စာရင်းမှာ ထိပ်တန်းစာရင်းဝင်အဖြစ်ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ကြယ်ပွင့်များအကြား အာရှသားအဖြစ် နှစ်ဦးပါလာပြီး နောက်တစ်ဦးကတော့ ဂျက်ကီချန်းဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ ရှာရွတ်ခမ်း ဟာ သန်း(၆၀၀)ပိုင်ဆိုင်မှုနဲ့ နံပါတ် (၁)စာရင်းဝင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း (၅၀၀) အထက် ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင် မင်းသားများ ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပြီး ရှာရွတ်ခမ်း ဟာ သန်း(၇၇၀)ပိုင်ဆိုင်မှုနဲ့ နံပါတ်(၄)နေရာမှာ နေရာယူထားခဲ့တယ်လို့ သိရပါတယ်။






