ကမ္ဘာ့အကြီးဆုံး ဂီတဖျော်ဖြေပွဲကြီးမှာ ဖျော်ဖြေရတော့မယ့် BlackPink…

//s9.kh1.co/f2/f2ac458a5b38e34f835ff780e0a8f9e83d52b993.jpg
အနုပညာရှင်များ

 ၁၁-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ခေါင်းကြီးပိုင်း အဓိကအဆိုတော် အနေနဲ့ လာရောက်ဖျော်ဖြေသွားမှာဖြစ်ကြောင်း...

BlackPink အဖွဲ့ဟာ အမေရိကန်ရဲ့ အကြီးဆုံးဂီတဖျော်ဖြေပွဲကြီးဖြစ်တဲ့ Coachella ပါဝင်ဖျော်ဖြေသွားတော့မယ် လို့သိရပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ Coachella ဘက်က BlackPink တွေအနေနဲ့ ဧပြီလ ၁၅ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ခေါင်းကြီးပိုင်း အဓိကအဆိုတော် အနေနဲ့ လာရောက်ဖျော်ဖြေသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် လက်ရှိအချိန်မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေသွားနေရတဲ့ BlackPink အဖွဲ့ဟာ သူတို့အနေနဲ့ အမေရိကန်မှာ ထပ်မံသွားရောက်ဖျော်ဖြေဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/32/3207432c17c3e5e54ffc41be20248c64095fdf1d.jpg

Coachella ဟာဆိုရင် ၁၉၉၉ ခုနှစ်ကစတင်ပြီး အမေရိကန်, ကယ်လီဖိုးနီးယားမှာ ကျင်းပလာတဲ့ အစဥ်အလာကြီးမားတဲ့ ဂီတဖျော်ဖြေပွဲတစ်ခုဖြစ်ကာ နှစ်စဥ်လူပေါင်း ၃ သိန်းကျော်တက်ရောက်တဲ့ အကြီးဆုံးဂီတပွဲကြီးလည်း ဖြစ်ပါတယ်။ Coachella ဟာကမ္ဘာပေါ်ကအကြီးဆုံး Outdoor Music festival တွေထဲကတစ်ခုလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=628,h=785,q=100/bd/bd54192d7ba46bec18c7b3edc417335f6a64fa51.webp

BlackPink တွေအနေနဲ့ကတော့ Coachella မှာ ၂၀၁၉ ခုနှစ်ကတစ်ကြိမ်ပါဝင်ခဲ့ဖူးတာကြောင့် အခုတစ်ကြိမ်ဟာ သူတို့အတွက် ဒုတိယတစ်ကြိမ်ဖြစ်ပါတယ်။ ဒါ့အပြင် BlackPink တွေအနေနဲ့ အဓိက headline အဆိုတော်တွေအနေနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။ ပုံမှန် အားဖြင့် Lady Gaga, Pink တို့လို Solo Female Artist တွေကဘဲ headliner artist အဖြစ် ပါဝင်ရတာဖြစ်တာကြောင့် အခုနှစ်ကျင်းပမယ့် ပွဲဟာထူးခြားတဲ့ပွဲဖြစ်နေတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ca/ca413c4ae8ac94f39cd9d999d2780aec026a7c13.jpg

တစ်နှစ်ပတ်လုံးမနားပဲ ဖျော်ဖြေပွဲတွေလုပ်နေတဲ့ BlackPink အဖွဲ့ကိုချီးကျူးဂုဏ်ပြုနေကြသလို၊ အခုနှစ်နှောင်းပိုင်းမှာ ပွဲတွေဆက်မလုပ်ပဲ သေချာလေးနားစေချင်နေကြပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T