ဖေဖေနဲ့ ချွတ်စွပ်တူနေတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတဲ့ Kim Jae Won ရဲ့ သားလေး

//s9.kh1.co/24/242bb2c22883f69e1212660f961d361e323609f9.jpg
အနုပညာရှင်များ

 ၁၁-ဇန်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

အပြုံးလေးတွေနဲ့ သွားလေးတွေက အစ အဖေနဲ့ ချွတ်စွပ်ပဲ ကြီးလာလေ ပိုတူလာလေပဲ

အပြုံးလေးတွေနဲ့ ကောင်မလေးတွေရဲ့ အသည်းကို ခြွေချသွားနိုင်တဲ့သူကတော့ ကိုရီးယားမင်းသား Kim Jae Won ပဲ ဖြစ်ပါတယ်။ လူသတ်အပြုံးလို့တင်စားခေါ်လို့သည်ထိ ချိုမြလွန်းတဲ့အပြုံးလေးပိုင်ရှင်လေးကတော့ လက်ရှိမှာ အသက် ၄၁ နှစ် ရှိပြီပဲ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

မြန်မာပရိသတ်တွေရဲ့ နှုတ်ခမ်းဖျားမှာ ချွဲခွာနူးလို့ ရေပန်းစားခဲ့တဲ့ သူက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို သိပ်မလုပ်ကိုင်ဖြစ်တော့ပါဘူး။ သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတောင် ၂၀၁၈ ကဖြစ်ပါတယ်။ လတ်တလောမှာတော့ သူနဲ့ သူ့ချွတ်စွပ်တူတဲ့ သားလေးက လူမှုကွန်ယက်မှာ ရေပန်းစားနေတာဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

သူ့ရဲ့သားလေးကို ၂၀၂၀ တုန်းက KBS2 ရုပ်သံလိုင်းရဲ့ "Stars' Top Recipe at Fun-Staurant" Event မှာ မိတ်ဆက်ပေးခဲ့တာပါ။ ပရိသတ်တွေကလည်း ဖေဖေနဲ့ အပြုံးလေးတွေနဲ့ သွားလေးတွေက အစတူတဲ့ သားလေး Yi- Jun ကို လက်ခံအားပေးချစ်ခင်ခဲ့ကြပါတယ်။ Kim Jae Won ကတော့ သူ့သားလေးရဲ့ပုံလေးတွေကို သူထောင်ထားတဲ့ အေဂျင်စီရဲ့ flabison_ent အင်စတာဂရမ်အကောင့်မှာ အမြဲတင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေအတွက် ချစ်ဖို့ကောင်းတဲ့သားလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T